ကိုယ့်ရဲ့ ရုပ်က ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးရုပ်ရင့်နေပါသလား။ ရှိရင်းစွဲကိုယ့်အသက်ထက် ပိုပြီးရုပ်ရင့်နေရခြင်းသည် မျိုးရိုးဗီဇအပြင် အခုဖော်ပြမယ့် အပြုအမူများနဲ့လည်း သက်ဆိုင်ပါတယ်။

ဘယ်လိုအပြုအမူမျိုးက အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေသလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဘေးတစောင်းအိပ်ခြင်း

tips for men to avoid aging quickly

ခေါင်းအုံးနဲ့ မျက်နှာကို ထိတွေ့ကာ အိပ်စက်ခြင်းသည် ပါး၊ မေးစေ့နှင့် မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းများထစေပါတယ်။ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ ပက်လက်အိပ်ခြင်းကသာလျျင် အကောင်းဆုံး အိပ်စက်ပုံအနေအထားဖြစ်ပြီး သင့်ကို ငယ်ရွယ်နုပျိုအောင်၊ ပြန်လည်နိုးထလာတဲ့အခါ ပိုမိုလန်းဆန်းတက်ကြွစေတယ်လို့ ပြောကြားထားပါတယ်။

တီဗွီ အလွန်အကျွံကြည့်ခြင်း

tips for men to avoid quick aging

သုတေသနလေ့လာချက်တစ်ခုအရ တီဗွီတစ်နာရီကြည့်ခြင်းသည် လူ့သက်တမ်းကို ၂၂ မိနစ်ခန့် တိုစေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ဆိုဖာပေါ်မှာ ထိုင်လျက်သားဖြစ်စေ လှဲလျောင်း၍ဖြစ်စေ တီဗွီကြည့်တဲ့အခါ မိနစ် ၃၀ လျှင် တစ်ကြိမ်စီ လမ်းလျှောက်ပေးဖို့လိုအပ်ပါတယ်။

အိပ်ရေးမဝခြင်း

tips for men to avoid quick aging

အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်အနေဖြင့် တစ်ညလျှင် အနည်းဆုံး ၇ နာရီခန့် အိပ်စက်ဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝခြင်းသည် သင့်ကို ရုပ်ရင့်စေတဲ့အပြင် လူ့သက်တမ်းကိုလည်း တိုတောင်းစေပါတယ်။ တကယ်လို့ သင့်မှာ စွမ်းအင်တွေ ကုန်ခမ်းနေသယောင် ခံစားနေရတဲ့အခါ၊ စိတ်ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျနေတဲ့အခါ (သို့) ဝိတ်တက်လာသလို ခံစားနေရတဲ့အခါ ညဘက် အိပ်ရာ စောစောဝင်ဖို့ရန်အတွက် ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားပါတယ်။

နေလောင်ကာခရင်မ် မသုံးခြင်း

tips for men to avoid quick aging

ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းသည်လည်း သင့်အသားအရေကို အိုမင်းရင့်ရော်မှုမြန်ဆန်ရခြင်းရဲ့ အဓိကတရားခံပဲဖြစ်ပါတယ်။ အမျိုးသမီးတွေပဲ နေလောင်ကာခရင်မ် အသုံးပြုရမှာမဟုတ်ပါဘူး။ အိုမင်းရင့်ရော်မှုကို နှေးကွေးချင်တဲ့ ယောကျာ်းများသည်လည်း နေလောင်ကာခရင်မ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိရပါမယ်။ မိုးရွာတဲ့နေ့တွေမှာတောင် နေလောင်ကာခရင်မ် လိမ်းကို လိမ်းပေးရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တိမ်ထူထပ်တဲ့နေ့မှာတောင် ကိုယ့်အသားအရေပေါ်သို့ ခရမ်းလွန်ရောင်ခြည် ၂၀ ရာခိုင်နှုန်းခန့် ကျရောက်နိုင်သေးလို့ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ကိုယ့်ရဲ့ရုပ်ရည်ကို ကိုရီးယားမင်းသားလေးလို နုနယ်ပျိုမျစ်ချင်တယ်ဆိုရင် အထက်ဖော်ပြပါအချက်များကို ရှောင်ကြဉ်သင့်ကြောင်း လက်တို့လိုက်ရပါတယ်။

Source: Brightside.me

Featured Image Source: Today.com