အဝတ်အစားကို ကြည့်ကောင်းအောင် ဝတ်ပါ။ ဒါဟာ တစ်ချို့အမျိုးသားတွေကို ပိုပြီးအောင်မြင်အောင်လုပ်ပေးနိုင်ပါတယ်။ တစ်ချို့အမျိုးသားတွေကိုတော့ ပိုပြီးဆွဲဆောင်မူရှိအောင် လုပ်ပေးပါတယ်။

ဒါပေမယ့် တစ်ချို့ ဝတ်ကောင်းစားလှတွေဝတ်ပြီး စတိုင်လ်နဲ့နေတတ်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ရွံ့မုန်းခြင်းကို ခံနေရပါသေးတယ်။ ဒါဟာ သူတို့ရဲ့ တစ်ချို့သော မကောင်းတဲ့ အမူအကျင့်လေးတွေကြောင့်ပါ။ ဘယ်လောက်ပဲ ဆွဲဆောင်မူရှိတဲ့ အမျိုးသားဖြစ်နေပါစေ တစ်ချို့အကျင့်ဆိုးတွေက အမျိုးသမီးတွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ kwee page ကဒီကိစ္စနဲ့ပက်သတ်ပြီးတော့ ဆွေးနွေးပေးသွားမှာပါ။

လက်သည်းများ ညစ်ပတ်နေခြင်း

Source: Xpressionz

အမျိုးသမီးလက်တွေကို ကိုင်တဲ့အချိန်မှာ ကွီးတို့ရဲ့လက်သည်းတွေက သန့်ရှင်းနေဖို့လိုအပ်ပါတယ်။ အမျိုးသမီးအများစုကို စစ်တမ်းကောက်တဲ့အချိန်မှာ သူတို့တွေမကြိုက်တဲ့ ထိပ်ဆုံးစားရင်းထဲမှာ ဒီကိစ္စပါဝင်နေတာပါ။ ဒီအတွက်တော့ အကြောင်းပြချက်မရှိဘူးလို့လည်း ပြောကြပါတယ်။ ကွီးတို့အနေနဲ့ လက်သည်းရှည်တွေညပ်ပေးတာ (သို့) သန့်ရှင်းရေးလုပ်ပေးတာတွေ စတာတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

အခြေခံ ထမင်းစားပွဲအမူအကျင့်တွေ မသိရှိခြင်း

Source: Vice

အခြေခံ ထမင်းစားပွဲအမူအကျင့်တွေ မသိရှိခြင်း က သာယာနေတဲ့ ညစာစားပွဲကို ပျက်စီးစေနိုင်ပါတယ်။ အမျိုးသားအများစုက ဒီအချက်ကို အပြစ်လို့ မယူဆထားကြဘူး။ ဒါကြောင့်လည်းအပြစ်လုပ်နေမှန်းမသိ လုပ်နေတတ်ကြတယ်။

အခြေခံ ထမင်းစားပွဲအမူအကျင့်တွေကဘာတွေလဲ ဆိုတာ kwee page ကပြောပြပေးသွားမှာပါ။ အမျိုးသမီးတွေနဲ့ ထမင်းအတူစားရပြီဆိုရင် အောက်ဖော်ပြပါအချက်တွေကို တတ်နိူင်သမျှ ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။

ဆိုးဝါးသော ထမင်းစားပွဲပေါ်က အမူအကျင့်များ

  • ပါးစပ်ဟပြီး အစားအသောက်တွေ ဝါးစားနေတာ
  • မြန်မြန်စားတာ။ (အစားအသောက်ပြိုင်ပွဲလုပ်နေတာမဟုတ်တဲ့အတွက် အချိန်ယူပြီး ကြေညက်နေအောင် ဝါးစားပါ။ ကျန်းမာရေး အတွက်လည်းကောင်းပါတယ်။)
  • ပါးစပ်ထဲမှာ အစာအလုပ်ပလောင်းဖြင့် စကားပြောတာ။ လေ့လာမူတွေအရ အမျိုးသမီး (၁၀၀) ရာခိုင်နှုန်းဟာ သူတို့ကို အစားအသောက်တွေ လာစင်တာမုန်းကြတယ်။
  • ဇွန်းခက်ရင်းတွေကို ဝေ့ရမ်းပြီး စကားပြောတာ။ (တကယ်လို့ တခုခုကို ညွှန်ပြတာ (သို့) ပုံဖော်ပြီးစကားပြောရမယ်ဆိုရင် ဇွန်းခတ်ရင်း တွေကိုအရင်ဆုံးလက်က ချဖို့မမေ့ပါနဲ့။)

နားမထောင်ပေးတာ

Source: Bonobology

အမျိုးသားတွေဟာ ယုတ္တိရှိ ရှိတဲ့သူတွေပါ။ သူတို့တွေက ပြဿနာ တခုခုရှိရင် ဖြေရှင်းပြီး အေးအေးဆေးဆေးနေတတ်ကြတဲ့ သူတွေပါ။

အမျိုးသားတွေ အများစုရဲ့ပြဿနာက နားမထောင်တဲ့ ပြသာနာပါ။ အမျိုးသမီးတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝ ကြုံတွေ့ရတဲ့ ပြသာနာတွေ အဖြစ်အပျက်တွေကို ပြန်ပြောပြရတာ နှစ်သက်ကြတဲ့သူတွေပါ။ ကွီးတို့ အနေနဲ့က နားထောင်ပေးလိုက်ယုံပါပဲ။ သူတို့ရဲ့ ပြဿနာတွေအတွက် အဖြေတွေ ရှာပေးနေစရာမလိုအပ်ပါဘူး။

ကတိမတည်တာ

Source: Divorced Moms

နေ့လည်စာအတူစားဖို့ ချိန်းထားပြီး အိပ်နေတဲ့ ယောကျ်ားလေးကို ဘယ်မိန်းကလေးက ကြိုက်မှာလဲ။ ယောက်ျား တစ်ယောက်ဟာ ပြောပြီးသားစကားကို တည်ရပါတယ်။ ဒီနေ့ဒါလုပ်ပါ့မယ်လို့ ကတိပေးထားရင် လုပ်ကိုလုပ်ရပါတယ်။ ဒါက ကွီးတို့ဟာ ယုံကြည်အားကိုးထိုက်တဲ့ သူတစ်ယောက်ဖြစ်ကြောင်း ပြရာရောက်ပါတယ်။

ခဏခဏ ကတိစကားတွေပေးပြီး မတည်နိုင်ဘူးဆိုရင်တော့ သေချာပါတယ် ဘယ်မိန်းကလေးကမှ ကွီးတို့အနားမှာ ကြာကြာမနေပါဘူး။