ဂျင်းအကျပ်များကို ဝတ်ရတာ စိတ်ကုန်လာပြီဆိုတဲ့ ကွီး တို့အတွက် Baggy ဂျင်း ဖက်ရှင် များဖြင့် အစားထိုး ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။ Baggy ဂျင်း ဖက်ရှင် ဆိုတာကတော့ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဝတ်ဆင်နိုင်မယ့် ဂျင်းအပွ ဖက်ရှင်တွေပဲဖြစ်ပါတယ်။ အရမ်းပွယောင်းလွန်းတာမျိုးမဟုတ်ဘဲ မပွတပွဖက်ရှင်မျိုးဖြစ်ပါတယ်။

Baggy ဂျင်း ဖက်ရှင် များသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်ကြား အင်မတန်ရေပန်းစားကာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် ယနေ့ခေတ်မှာတော့ ထိုဖက်ရှင်ရေစီးကြောင်းက တကျော့ပြန်လည်ခေတ်စားလာသည်နှင့်အမျှ ကွီးတို့အကြား ဂျင်းအပွ ဖက်ရှင်လေးသည် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပြန်ပါပြီ။

ကွီးတို့အနေနဲ့ ဂျင်းအပွဖက်ရှင်တွေကို ဘယ်လိုစတိုင်လ်ကျကျ ဝတ်ဆင်နိုင်မလဲဆိုတာ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကနေတဆင့် လေ့လာကြည့်ရှုနိုင်ပါတယ်။

စစ်တုရင်အကွက် အင်္ကျီဖက်ရှင်နဲ့ တွဲဝတ်ပါ

jeans fashion for kwee

ဒီဖက်ရှင်လေးကတော့ ယခုနှစ်အတွင်း ခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာပါ။

အိတ်ကပ်များများပါတဲ့ ဂျင်းအပွဖက်ရှင်

jeans fashion for kwee

ဖက်ရှင်စတိုင်လ်အသစ်တစ်မျိုး ဖန်တီးချင်တဲ့ကွီးတို့အတွက်တော့ ဒီဖက်ရှင်မျိုးကို စမ်းကြည့်သင့်ပါတယ်။

Cardigans နဲ့ ယခုလိုတွဲဝတ်ပါ

jeans fashion for kwee

ပူအိုက်လွန်းတဲ့နေ့တွေမှာ Cardigans တစ်ထည်တည်းနဲ့ ယခုလို ရှိုးထုတ်နိုင်ပါသေးတယ်။

၉၀ ပြည့်နှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ဖက်ရှင်

jeans fashion for kwee

ဒီဖက်ရှင်စတိုင်လ်ကတော့ ၉၀ ပြည့်နှစ်တုန်းက ခေတ်စားခဲ့တဲ့ဖက်ရှင်လေးပဲဖြစ်ပါတယ်။ ယခုတစ်ကျော့ပြန် ရေပန်းစားလာတဲ့အချိန်မှာ ဒီဖက်ရှင်မျိုးကို ဝတ်ဆင်နိုင်ပါတယ်။

အစင်းကျားဖက်ရှင်နှင့် ဂျင်းဂျက်ကတ်

jeans fashion for kwee

ရင့်ကျက်တဲ့အမျိုးသားများနှင့် လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ပါတယ်။

ကိုရီးယားမင်းသားစတိုင်လ်

jeans fashion for kwee

တီရှပ်ပေါ်မှာမှ လက်ပြတ်ဂျက်ကတ်လေး ထပ်ဝတ်လိုက်တာဖြစ်ပါတယ်။ သူ့ကိုတော့ လူငယ်များအကြား အဝတ်များတာကို တွေ့ရမှာပါ။

အင်္ကျီအကွက်နဲ့ တွဲဝတ်ပါ

jeans fashion for kwee

ချည်သားအင်္ကျီအကွက်တွေကတော့ ဘယ်တော့မှရိုးမသွားနိုင်တဲ့ ဖက်ရှင်တစ်မျိုးပါပဲ။

တီရှပ်လက်ရှည်နဲ့လည်း ခပ်မိုက်မိုက် တွဲဝတ်နိုင်ပါတယ်

jeans fashion for kwee

လူငယ်ဆန်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းနေစေမှာပါ။

အရောင်တောက်တောက် အင်္ကျီများနှင့် တွဲဖက်ဝတ်ဆင်ပါ

jeans fashion for kwee

အရောင်တောက်ဖက်ရှင်များသည်လည်း လတ်တလောမှာ ရေပန်းစားလာတဲ့ဖက်ရှင်တစ်ခုပါ။

Sweatshirt နဲ့ တွဲဝတ်ထားတဲ့ဖက်ရှင်

jeans fashion for kwee

Sweatshirt ဖက်ရှင်များသည် လူငယ် လူရွယ်များကို ပိုမိုငယ်ရွယ်သွားစေကာ ကြည့်ကောင်းနေစေမယ့် ဖက်ရှင်တစ်ခုဖြစ်ပါတယ်။

လူငယ်ဆန်တဲ့ပေါ့ပေါ့ပါးပါးဖက်ရှင်

Baggy ဂျင်း ဖက်ရှင်

စွပ်ကျယ်လက်ပြတ်ကို အောက်မှာတစ်ထပ်ခံဝတ်ထားပြီး အပေါ်ကနေ ရှပ်လက်ရှည် တွဲဖက်ဝတ်ဆင်ထားတဲ့ဖက်ရှင်ဖြစ်ပါတယ်။

ဟူဒီများနဲ့ တွဲဖက်ဝတ်ဆင်ပါ

Baggy ဂျင်း ဖက်ရှင်

Streetwear ဖက်ရှင်စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဟူဒီများနဲ့ တွဲဖက်ဝတ်ဆင်ပါ။

Graphic Tee နဲ့ ဂျက်ကတ်ဖက်ရှင်

Baggy ဂျင်း ဖက်ရှင်

ပူအိုက်တဲ့နေ့တွေမှာ Graphic Tee တစ်ထည်တည်းနဲ့ ရှိုးထုတ်နိုင်သလို ဆောင်းရာသီဖက်ရှင်အနေနဲ့ဆိုရင်တော့ အပေါ်ကနေ ဂျက်ကတ်တစ်ထည် ထပ်ဝတ်နိုင်ပါတယ်။

ဆောင်းရာသီမှာတော့ သိုးမွှေးထည်များနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်

Baggy ဂျင်း ဖက်ရှင်

ဆောင်းရာသီမှာ အခုလိုမျိုးလည်း ရှိုးထုတ်နိုင်ပါတယ်။

ပိုလိုရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပါ

Baggy ဂျင်း ဖက်ရှင်

ဒီဖက်ရှင်ကတော့ စမတ်ကျကျနဲ့ ဆွဲဆောင်မှုမြင့်မားနေစေမယ့် ဖက်ရှင်တစ်ခုပါ။

တီရှပ်အပွများနှင့်လည်း ရှိုးထုတ်နိုင်ပါတယ်

Baggy ဂျင်း ဖက်ရှင်

Oversized တီရှပ်များသည်ည်း လတ်တလောမှာ ခေတ်စားနေတဲ့အတွက်ကြောင့် အခုလိုမျိုးရှိုးထုတ်ကာ ဖက်ရှင်ကျနိုင်ပါသေးတယ်။

Source: Outfittrends

Featured Image: Outfittrends