လီဗားပူးလ်တိုက်စစ်မှူးဟောင်းဖြစ်သူ ရီကီလမ်းဘက်ကတော့ အသင်းမှာရှိနေခဲ့စဉ်အတွင်းက ဘာလော့တယ်လီ ရဲ့ ဆိုးဝါးလှတဲ့ အလေ့အကျင့်ဆိုးတွေအကြောင်း ဖောက်သည်ချလာပါတယ်။

လမ်းဘက်နဲ့ ဘာလော့တယ်လီဟာ (၂၀၁၄-၂၀၁၅) ပရီးမီးယားလိဂ်ဘောလုံးရာသီတွင် လီဗာပူးအသင်း၌ အတူတကွ ကစားခဲ့ကြဖူးပါတယ်။ လမ်းဘက်ဟာ သူငယ်စဉ်ကတည်းကကစားခဲ့တဲ့ ဆောက်သမ်အသင်းကနေ လီဗာပူးလ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘာလိုတယ်လီကတော့ အေစီမီလန်ကနေ အံ့ဩစရာ ဘယ်သူမှထင်မှတ်မထားဘဲ လီဗာပူးလ်ဆီ ရောက်ရှိလာခဲ့တာပါ။

Balotelli's training habits a 'disgrace', says former Liverpool striker Lambert

Photo : Suara.com

အဲ့ဒီအချိန်တုန်းက လီဗာပူးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မူး ဆွာရက်ဇ်ဟာ ဘာစိလိုနာကို ပြောင်းရွှေ့သွားခဲ့တာကြောင့် အလောတကြီးအစားထိုး ခေါ်ယူခဲ့ဟန်တူပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလို တိုက်စစ်မူးနှစ်ယောက်ဟာ အတွဲမမိခဲ့ပါဘူး။ ဘာလော့တယ်လီဟာ တစ်ရာသီလုံးမှာ (၂၈) ပွဲကစားခဲ့ပြီး (၄) ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းတွေ ဆိုးရွားခဲ့ကြတယ်။

“ဆွာရက်ဇ်နေရာမှာ ကျွန်တော့ကို အစားထိုးဖို့ဆိုတာ မဖြစ်နိူင်တာ သိပါတယ်။ သူ့နေရာဆက်ခံဖို့ဆိုတာ အင်မတန်ခတ်ခဲပါတယ်။ ဒါပေမယ့် လီဗာပူးကို စရောက်တော့ ဂိုးအနည်းငယ် စသွင်းခဲ့ပါတယ်။ ပျော်လည်းပျော်ခဲ့တယ်။ နောက်ပိုင်းတော့ နည်းပြ ရော့ဂျာက ဘာလော့တယ်လီကို ခေါ်ယူလိုက်ပြီး ပွဲထွက်ခွင့် ပုံမှန်ပေးလိုက်တယ်လေ။ နည်းပြရဲ့လုပ်ရပ်ကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။

Balotelli's training habits a 'disgrace', says former Liverpool striker Lambert

Photo : The Mirror

ဘာလော့တယ်လီဆိုတာ ကလေးတစ်ယောက်လိုပဲ။ တစ်ဇောက်ကန်းသမား။ လေ့ကျင့်ရေးကွင်းထဲက သူ့ရဲ့အပြုအမူတွေကို လူတွေအပေါ် လေးစားမူကင်းမဲ့တယ်။ ရော့ဂျာအနေနဲ့ ကျွန်တော့ကိုကျော်ပြီး သူ့ကိုဘာလို့ပိုပြီးကစားခွင့်ပေးလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။” ဟု လမ်းဘက်က Bristol Live နဲ့အင်တာဗြူးစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

ဘာလော့တယ်လီဟာ လီဗာပူးမှာ တစ်ရာသီသာကစားခဲ့ရပြီး (၂၀၁၆) ခုနှစ်တွင် နည်းပြသစ်ဖြစ်လာတဲ့ ကလော့ပ်က သူ့ကို ပြင်သစ်ကလပ် နိစ်အသင်းကို ရောင်းချခဲ့ပါတယ်။ လမ်းဘက်ကတော့ (၂၀၁၅) ခုနှစ်တွင် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ကစားခဲ့ရပါတယ်။

Featured Photo : Bleacher Report