ဘေယန်မြူးနစ်အသင်းရဲ့ မျက်စိကျခြင်းခံနေရတဲ့ လီဗာပူး တိုက်စစ်မူး ဖာမီနို

Source: TalkSport

ဂျာမန် အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘေယန်မြူးနစ်ဟာ လာမဲ့အပြောင်းအရွှေ့ရာသီမှာ လီဗာပူး ကြယ်ပွင့်တိုက်စစ်မူး ဖာမီနိုကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း The Sun ကဖော်ပြထားပါတယ်။

ဘေယန်ဟာ အဆိုပါ ဘရာဇီးတိုက်စစ်မူးကို ဂျာမန်ကလပ် ဟော့ဖန်ဟိန်း အသင်းမှာ ရှိစဉ်ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

နောက်လာမဲ့ရာသီမှာ တိုက်စစ်အားဖြည့်ဖို့အတွက် ဖာမီနိုကို ပေါင် ၇၅ သန်း လောက်ပေးပြီး ခေါ်ယူဖွယ်ရှိနေပါတယ်။

ဆန်းချက်ကို ဝယ်ယူမဲ့အသင်းရှာဖွေနေတဲ့ မန်ယူ

Source: Manchester Evening News

မန်ယူဟာ သူတို့ရဲ့တိုက်စစ်မူးတစ်ဉီးဖြစ်သူ ဆန်းချက်ကို အပြီးဝယ်မဲ့ အသင်းကို ရှာဖွေနေကြောင်း Manchester Evening News ကဖော်ပြထားပါတယ်။

အဆိုပါ ချီလီ တိုက်စစ်မူးဟာ ယခုလောလောဆယ် အင်တာမီလန် အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပါတယ်။ မန်ယူအသင်းဟာ ဆန်းချက်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ ယခုသတင်းအရတော့ အပြီးရောင်းချချင်နေကြောင်း သိရပါတယ်။

မက်ဒီဆန်နဲ့ Edouard ကိုခေါ်ယူဖို့ ကြိုးစားလာတဲ့ အာဆင်နယ်

Source: TalkSport

လက်စတာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မက်ဒီဆန် နဲ့ ဆဲလ်တစ် တိုက်စစ်မူး Odsonne Edouard တို့ကို နောက်လာမဲ့ အပြောင်းအရွှေ့ရာသီမှာ အရခေါ်ယူဖို့ အာဆင်နယ်အသင်းက ကြိုးစားနေကြောင်း Daily Mail ကဖော်ပြထားပါတယ်။

ဂန်းနား တွေဟာ RB Leipzig နောက်ခံလူ Dayot Upamecano ကိုလည်း အဲ့မရိတ်ကွင်း ထံခေါ်ယူဖို့ မျက်စိကြနေပါတယ်။

ဆွာရက်ဇ် ကို ဆွာရက်ဇ် နဲ့အစားထိုဖို့ စဉ်းစားနေတဲ့ ဘာကာ

Source: Colombia

ဘာစီလိုနာအသင်းဟာ ဝက်ဖိုဒ် အသင်းတိုက်စစ်မူး ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း El Larguero ကဖော်ပြထားပါတယ်။ လောလောဆယ် အဆိုပါ တိုက်စစ်မူးဟာ ရီးရဲ ဇာရာဂိုဇာ အသင်းထံ အငှားနဲ့ သွားရောက်ကစားနေပါတယ်။

ဘာကာအသင်းရဲ့ အထောက်တိုက်စစ်မူးဖြစ်သူ ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာ ခွဲစိတ်ထားတာကြောင့် မေလအထိ ဘောလုံးကစားနိူင်သေးမှာ မဟုတ်ပါဘူး။ ဝက်ဖိုဒ် တိုက်စစ်မူး ဆွာရက်ဇ်ကို ဟာ ယခုရာသီမှာ  ရီးရဲ ဇာရာဂိုဇာ အသင်းအတွက် ၂၅ ပွဲအထိ ကစားပေးထားပြီး ၁၄ ဂိုးအထိသွင်းယူပေးထားပါတယ်