မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ပေါင်သန်း ၉၀ နဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့အတွက် ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ နူးကမ့်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ၎င်းဆီကနေ မျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှုမျိုး ပြသနိုင်ခြင်းမရှိသေးတဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ချင်နေတာကြောင့် ဂရစ်ဇ်မန်းကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Photo: ghanasoccernet

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဂရစ်ဇ်မန်းကို ၎င်းတို့ရဲ့ အဓိကကစားသမား ခေါ်ယူမှုအဖြစ် ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီး ဂရစ်ဇ်မန်းရဲ့ အရည်အချင်းကြောင့် ကျောနံပါတ် ၇ ကို ပေးအပ်ခြင်းအားဖြင့် ယုံကြည်မှုရှိကြောင်းကို ပြသသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ကို လက်ရှိဝတ်ဆင်နေသူကတော့ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်အသင်းကို အငှားချခံခဲ့ရတဲ့ အလက်ဆစ် ဆန်းချက်ဇ်ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချီလီကြယ်ပွင့် တိုက်စစ်မှူးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်ကနေ ခေါ်ယူခဲ့ပြီးနောက် ယခုလိုပဲ တူညီတဲ့ယုံကြည်မှုမျိုး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Source : Bóng đá

ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ အိုးထရက်ဖို့ဒ်မှာ ၄၅ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ မစတင်မီမှာ အင်တာမီလန်အသင်းကို အငှားချခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ၂၀၁၇ ခုနှစ်တုန်း မန်ချက်စတာယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပေမယ့် အက်သလက်တီကိုမက်ဒရစ်က အပြောင်းအရွှေ့ကို တရားဝင် ပိတ်ပင်ခဲ့တဲ့အတွက် အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။