ဘာစီလိုနာဆယ်ကျော်သက်တိုက်စစ်မှူးလေး အန်ဆူဖက်တီဟာ စပိန်အသင်းမှာ (၈၄) ကြာတင်ရှိနေတဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံး ကစားပေးချိန်မှာ အန်ဆူ ဖက်တီ ရဲ့အသက်ဟာ (၁၇) နှစ်နဲ့ (၃၀၈) ရက်သာရှိပါသေးတယ်။

Soruce: Yahoo Sports
အသက် (၁၇) နှစ်အရွယ် ဖက်တီဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြကစားနေသော်လည်း စီနီယာကစားသမားတွေကြောင့် နေရာရဖို့ ရုန်းကန်နေရတာပါ။ အဆိုပါ ဆယ်ကျော်သက်ကစားသမားလလေးဟာ ဘာစီလိုနာအသင်းကြီးအတွက် အသက် (၁၆) နှစ်နဲ့ (၂၉၈) အရွယ်မှာ စတင်ကစားပေးခဲ့ပါတယ်။ (၂၀၁၉) ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာ-ဘက်တစ်စ် နဲ့ပွဲတွင် ပထမဆုံး ဝင်ရောက်ကစားပေးခဲ့ပါတယ်။ ဖက်တီဟာ ဘာစီလိုနာအသင်းကြီးအတွက် ပွဲပေါင်း (၃၃) ပွဲကစားပေးထားပြီး (၈) ဂိုးသွင်းယူပေးထားပါတယ်။

Source: DW
ဖက်တီဟာ ဂျာမနီအသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ် ပွဲစဉ်မှာ စပိန်အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ခြင်းဖြစ်ပါတယ်။ ဒီပွဲမှာ ကစားခွင့်ရခဲ့တာကြောင့် ဖက်တီဟာ စပိန်လက်ရွေးစင်အသင်းရဲ့သမိုင်း တစ်လျှောက် ဒုတိယ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

Source: Besoccer
စပိန်အသင်းအတွက် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူကတော့ Angel Zubieta ဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ပထမဆုံးကစားပေးချိန်မှာ သူ့ရဲ့အသက်ဟာ (၁၇) နှစ်နဲ့ (၂၈၄) ရက်ပဲရှိပါသေးတယ်။ ဖက်တီမတိုင်ခင် စပိန်အသင်းအတွက် ဒုတိယ အသက်အငယ်ဆုံးကစားပေးသူအဖြစ် စံချိန်တင်ထားသူကတော့ Bojan Krkic ဖြစ်ပြီး ပထမဆုံး စပိန်အသင်းအတွက်ကစားပေးချိန်မှာ (၁၈)နှစ်နဲ့ (၁၃) ရက်ပဲရှိပါသေးတယ်။ ဖက်တီနဲ့အတူ စပိန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးခေါ်ယူခြင်းခံရတဲ့ ကစားသမားတွေထဲမှာ မန်စီးတီးမှာ ဖာရန် တောရက်စ် နဲ့ ရီရဲဆိုစီဒက်မှ မီကယ် မာရီနို တို့ပါဝင်ခဲ့ပါတယ်။
