ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမားဖြစ်သူ အာသာ ကိုယူရို (၇၂) သန်းဖြင့် ဂျူဗီတပ်အသင်းထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင် ဝက်ဆိုက်မှာ ကြေညာသွားခဲ့ပါတယ်။ အာသာ၏ပြောင်းရွှေ့ကြေးမှာ ယူရို (၇၂) သန်းအပြင်၊ Add-ons ကြေး ယူရို (၁၀) သန်းဖြစ်ပြီး (၅) နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်းလည်းသိရပါတယ်။

Source: Barca Blaugranes

အပြန်အလှန်အနေနဲ့ ဂျူဗီတပ်ကစားသမားဖြစ်သူ Pjanic ကို ယူရိုသန်း (၆၀) ဖြင့် ပြန်လည်ခေါ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းသည် ယာနစ်ကို (၂၀၂၃-၂၄) ရာသီအထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ယူရိုသန်း (၄၀၀) တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Source: the hub of firsthand sport news

ကွင်းလယ်ကစားသမား အာသာဟာ (၂၀၁၈) ခုနှစ်တွင် ဂရီမီအို အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၇၂) ပွဲအထိကစားပေးထားကာ (၄) ဂိုးသွင်းယူပေးထားပါတယ်။ အဆိုပါကစားသမားဟာ အသင်းဖော်တွေကို တနင်္လာနေ့က အသင်းရဲ့အဝတ်လဲခန်းထဲမှာ နှုတ်ဆက်စကားပြောဆိုသွားခဲ့ကြောင်းလည်း သိရပါတယ်။

Source: futaa.com

ဘာစီလိုနာဟာ ထပ်ဆုံးမှရီးရဲအသင်းနှင့် (၂) မှက်ကွာ ဒုတိယနေရာတွင်ရပ်တည်နေပါတယ်။ လာလီဂါပြိုင်ပွဲ ပြီးဆုံးဖို့ကတော့ ပွဲစဉ် (၆) ပွဲမျှသာကျန်ရှိတော့ပါတယ်။ အခုလို အသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့ ဖိအားတွေများနေချိန်မှာ ဘာကာ နည်းပြနှင့်ကစားသမားတွေကြားမှာ အဆင်မပြေမူတွေ ရှိနေကြောင်းလည်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ရာသီကုန်ရင် နည်းပြဖြစ်သူနဲ့ လမ်းခွဲဖို့စီစဉ်ထားတယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။ ဘာစီလိုနာ နည်းပြဖြစ်လာဖို့ အသင်းကစားသမားဟောင်းဖြစ်သူ ဇာဗီက ရေပန်းစားနေပါတယ်။