ဒဏ်ရာရကစားသမား ဒမ်ဘီလီအတွက် ကစားသမားသစ် အရေးပေါ် အစားထိုးခေါ်ယူခွင့်ပြုရန် ဘာစီလိုနာအသင်း၏ အသနားခံမှုတင်ပြမှုကို လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

Source: Football Espana

ဘာစီလိုနာအသင်းသည် ကစားသမားသစ်ကို (၁၅) ရက်အတွင်း ခေါ်ယူသွားရမည်ဖြစ်ပြီး စပိန်တွင် ကစားနေသူ သို့မဟုတ် ပြင်ပမှ ဆိုပါက အသင်းလက်မဲ့ဖြစ်နေသူကိုသာ ခေါ်ယူခွင့်ရှိကြောင်းလည်း သိရသည်။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မူး ဆွာရက်ဇ် ဟာလည်း နောက်ထပ် (၃) လလောက် ဘောလုံးကစားနိူင်သေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်စီနဲ့ ပြင်သစ် တိုက်စစ်မူး ဂရေ့ဇ်စမန်း ကတော့ ကံကောင်းစွာနဲ့ ဒဏ်ရာကင်းရှင်းလျက်ရှိနေပါသေးတယ်။

Source: Bleacher Report

စပိန်မှာ အရေးပေါ်လိုအပ်လာခဲ့ရင် ကစားသမားခေါ်ယူခွင့် ရှိတာကြောင့် ဘာစီလိုနာအသင်းက လာလီဂါဘောလုံးအဖွဲ့ချုပ်ထံ အသနားခံစာတင်ခဲ့တာပါ။

ဒမ်ဘီလီဟာ ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမူအပြီးမှာ ဒီဇင်ဘာလလယ်အထိ ကာလရှည်ကြာ အနားယူရဖို့ ရှိနေပါတယ်။

ဘာစိလိုနာ အသင်းကအစားထိုးခေါ်ယူမဲ့ ကစားသမားဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေကိုတော့ ကစားခွင့်ရှိမှာမဟုတ်ပါဘူး။ ဘာစီလိုနာအသင်းက ခေါ်ယူဖွယ်ရှိတဲ့ ကစားသမားတွေကတော့ ဂီတာဖေး ကစားသမား Angel Rodriguez, Alaves အသင်းကစားသမား Lucas Perez, Levante တိုက်စစ်မူး Roger Marti နဲ့ Leganes အသင်းတိုက်စစ်မူး Martin Braithwaite တို့ပဲဖြစ်ပါတယ်။

Source: YouTube

တစ်ခုရှိတာက ဘာစီလိုနာကို ကစားသမားရောင်းချမယ်ဆိုရင် ရောင်းချတဲ့အသင်းအနေနဲ့ နောက်ထပ် အပြောင်းအရွှေ့ ဈေးကွက်မဖွင့်ခင်အထိ ကစားသမားအသစ်ခေါ်ယူအားဖြည့်ခွင့်မရှိပါဘူး။