ဘာစီလိုနာအသင်းဟာ အခွန်အခတွက်ချက်ရာမှာ မှားယွင်းတွက်ချက်မိခဲ့တာကြောင့် နေမာကို ယူရို (၁၀) သန်းပိုပြီးပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ယခု ဘာစီလိုနာဟာ ပိုပေးခဲ့ရတဲ့ ယူရို (၁၀) သန်းကိုပြန်လိုချင်နေတယ်လို့လည်း စပိန်သတင်းစာ El Mundo ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

Source: Adepanews
ဘာစီလိုနာအသင်းသည် PSG တိုက်စစ်မှူး နေမာအား အသင်းတွင် ကစားခဲ့စဉ်က အခွန်တွက်ချက်မှုမှားယွင်းကာ ပိုပေးခဲ့သည့်ယူရို (၁၀) သန်းကို ပြန်လည်ရလိုမှုဖြင့် တရားစွဲဆိုထားကြောင်းလည်း သိရှိရသည်။

Source: Football Espana
(၂၀၁၇) ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် နေမာသည် ယခင်က ဘာစီလိုနာအသင်းကို ဆုကြေးငွေ ယူရို (၄၃) သန်း ရလိုမှုဖြင့် တရားစွဲဆိုခဲ့ဖူးပါတယ်။။ ဒါပေမယ့် ယင်းအမှုတွင် နေမာ ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာအသင်းကို ယူရို (၆.၇)သန်း ပေးချေရန် တရားရုံးက အမိန့် ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း နေမာဟာ စပိန်အစိုးရကို ယူရို (၃၄.၆) သန်းအခွန်ပေးချေဖို့ ကျန်ရှိနေသေးတယ်လို့ El Mundo Deportivo ကဖော်ပြခဲ့ပါသေးတယ်။

Source: CNN International
El Mundo ၏ ဖော်ပြချက်အရ (၂၀၁၅) ဘဏ္ဍာရေးရှင်းတမ်းတွင် ဘာစီလိုနာအသင်းသည် ထိုစဉ်က အသင်းကစားသမားဖြစ်သူ နေမာအား ပေးချေရမည့် ငွေကြေးထက် ယူရို (၁၀) သန်း ပိုပေးခဲ့ကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည် နေမာအား မှားယွင်းကာပေးချေခဲ့သည့် ယူရို (၁၀)သန်းကို ပြန်လည်ရယူလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
