ဘာစီလိုနာအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို (၁၀) သန်း အထိပေးချေပြီး ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေး မတည်ငြိမ်မူတွေရှိနေသော်လည်း ဘာစီလိုနာအသင်းက သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ်ကိုအရခေါ်ယူနိူင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်ပါတယ်။
Source: News Break
ဘာကာဟာ မာတီနက်ဇ်ကို စပိန်မြေအရောက် ခေါ်ယူချင်နေပြီး အင်တာမီလန်မှာ ရရှိနေတဲ့ လစာထက် (၃) ခန့် ပိုပြီးပေးချေဖို့ အသင့်ရှိနေတာလည်းဖြစ်ပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးပွဲတွေ မရပ်နားခင်အထိ မာတီနက်ဇ်ဟာယခုရာသီတွင် အင်တာမီလန်အသင်းအတွက် (၃၁)ပွဲကစားကာ (၁၆)ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Source: Daily Mail
ဒီလိုခြေစွမ်းတွေပြနေတာကြောင့် ဥရောပအသင်းကြီးတွေရဲ့ အာရုံစိုက်မူကို ခံနေရပြီး ဘာစီလိုနာ ကတော့ ထိပ်ဆုံးမှပါဝင်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းကလည်း ဒေါ့မွန်ကစားသမား ဆန်ချိုကိုခေါ်ယူဖို့ဟာ သူတို့ရဲ့ပထမဦးစားပေး ဖြစ်ပေမယ့် မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Source: Chelsea News
ဘာစီလိုနာအသင်းအနေနဲ့ အဆိုပါကစားသမားကို ခေါ်ယူချင်တယ်ဆိုရင်တော့ စာချုပ်လျှော်ကြေး သက်တမ်းမပြည့်မီ ခေါ်ယူမှသာ အာမခံချက်ရှိမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ အခြားဥရောပအသင်းကြီးတွေနဲ့ အပြိုင်ခေါ်ယူရမှာပါ။
မာတီနက်ဇ်ကို စာချုပ်ပါလျှော်ကြေးမှာ ယူရို (၁၁၁) သန်းဖြစ်ပြီး လာမည့်ဇူလိုင် ၁၅ တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။