မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့လူငယ်ကြယ်ပွင့် အန်ဆူဖာတီကို ပေါင် ၁၃၆ သန်းနဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်လို့ 90min က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ တောင်ပံကစားသမား ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပြီး ဒေါ့မွန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုနဲ့ ယခုနွေရာသီတလျှောက်လုံး သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Photo: Daily Mail

Marca ရဲ့သတင်းအရ ဖာတီရဲ့အေးဂျင့် ဂျော့ဂျ်မန်းဒက်စ်က ဘာစီလိုနာထိပ်ပိုင်းတာဝန်ရှိသူတွေကို မန်ချက်စတာယူနိုက်တက်က ၎င်းရဲ့ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၁၄ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အန်ဆူဖာတီဟာ မကြာသေးမီကမှ စာချုပ်လျော်ကြေး ပေါင် ၃၆၇ သန်းပေးချေရမယ်ဆိုတဲ့အချက်ပါဝင်တဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းက ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့ကို စိတ်ဝင်စားခြင်းမရှိတာဖြစ်ပါတယ်။

Photo: fcbarcelonanoticias

အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ အင်တာကို ဗီဒယ်ပြောင်းရွှေ့သွားပြီး ကျောနံပါတ် ၂၂ ကို ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာပထမအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဖာတီရဲ့ စာချုပ်သစ်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအသင်းက စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ ကတ်တလန်ထိပ်သီးအသင်းကြီးကို အောင်မြင်မှုတွေ ပြန်လည်ယူဆောင်ပေးဖို့အတွက် တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး အန်ဆူဖာတီဟာ ယခုရာသီမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။