ဘာစီလိုနာအသင်းဟာ အသင်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ Rakitic ကိုလာမဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချနိူင်ဖို့အတွက် ဈေးနှုန်းတစ်ခု သက်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့ သူတို့ရဲ့ကစားသမားဟောင်းကို အသင်းထံပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ Rakitic နဲ့ ဘာစီလိုနာအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၁ မှာ ကုန်ဆုံးတော့မှာပါ။ Rakitic ဟာပြီးခဲ့တဲ့နှစ်တွေတုံးက အသင်းရဲ့အရံခုံပေါ်မှာပဲ အချိန်ကုန်နေခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ချင်နေပါတယ်။

Source: Sporting News

အဆိုပါ ခရိုအေရှား ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် အကန့်အသတ်နဲ့သာကစားနေရပြီး ဒီနှစ်ဘောလုံးရာသီ (၃၁) ပွဲကစားထားရာမှာ (၁၅) ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။

Rakitic ဟာ Frenkie de Jong, Sergio Busquets, Arthur and Arturo Vidal တို့ရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်သာရှိနေပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ Rakitic ဟာ ဆီဗီလာကနေ ယူရို (၁၈) သန်းဖြင့် ဘာကာသို့ ရောက်လာပြီးကတည်းက အသင်းနှင့်အတူ လာလီဂါ ဖလား (၄) လုံး နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ရယူပေးနိူင်ခဲ့ပါတယ်။

Source: Ronaldo.com

ဒါပေမဲ့လည်း သူ့အတွက် ဘာကာမှာ နေရာကျဉ်းမြောင်းလာပြီး အသင်းတာဝန်ရှိသူတွေကတော့ Rakitic အတွက် ယူရို သန်း (၂၀) ရရင် ရောင်းချဖို့စီစဉ်နေပါတယ်။

Rakitic ကို မန်ချက်စတာယူနိူက်တတ်၊ အင်တာမီလန် နှင့် ဂျူဗီတပ်တို့လည်း အသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

ဆီဗီလာကတော့ ဘာကာအသင်းအနေနဲ့ အဆိုပါကစားသမားအတွက် ပြောင်းရွှေ့ကြေး အနည်းငယ်ညိနိူင်းပေးပါက ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆီဗီလာဟာ အသင်းရဲ့ကစားသမားဟောင်း ပြန်လည်ခေါ်ယူဖို့အတွက် ယူရို (၁၅) သန်းသာအသုံးပြုနိူင်မယ်လို့လည်း သိရပါတယ်။

Source: SportCentar

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမန် ဘွန်ဒက်စ်လီဂါ၊ လီဂူး ဝမ်း၊ စီးရီးအေ နှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို ဧပြီလအထိ ရပ်နားထားပါတယ်။