ဘရာဇီးကလပ် ဆော်ပိုလို အသင်းမှာ ဆယ်ကျော်သက်တိုက်စစ်မူး ဂူစတာဗိုမိုင်ယာကို ဘာစီလိုနာအသင်း ခေါ်ယူခဲ့ပြီး ယူရိုသန်း (၃၀၀) တန် လျော်ကြေးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာ အဆိုပါ အသက် (၁၉) နှစ်သာရှိသေးတဲ့ တိုက်စစ်မူးလေးကို ယူရို (၄.၅) သန်းဖြင့် ခေါ်ယူခဲ့ပြီး စာချုပ်လျှော်ကြေးကို ယူရိုသန်း (၃၀၀) အထိသက်မှတ်ထားပါတယ်။ မိုင်ယာဟာ ဘာစီလိုနာအသင်းနဲ့ (၅) သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

Source: Goal.com

မိုင်ယာဟာ ဘာစီလိုနာ ဘီ အသင်းမှာ ကစားခွင့်ရရှိမှာဖြစ်ကြောင်း အသင်းရဲ့တရားဝင် ဝက်ဆိုဒ်က ကြေညာထားပါတယ်။ ခြေစွမ်းအပေါ်မူတည်ပြီး ဘာစီလိုနာအသင်းကြီးမှာ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

မိုင်ယာဟာ အသက် (၁၄) နှစ်အရွယ်ကတည်းက ဆော်ပိုလို အသင်းရဲ့အကယ်ဒမီမှာ ကစားခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်မှာ (၃၆) ပွဲကစားပြီး ဂိုးပေါင်း (၃၀) သွင်းယူပေးနိူင်ခဲ့တာကြောင့် ဥရောပ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမူကို ခံခဲ့ရပါတယ်။

Source: YouTube

ဘာစီလိုနာအသင်းဟာ အဆိုပါဆက်ကျော်သက်ကစားသမားကို ခေါ်ယူနိူင်ဖို့အတွက် ဇူလိုင်လကတည်းက ယူရို (၁) သန်းကို အာမခံအဖြစ် ပေးထားခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းသည် မိုင်ယာကို အရန်အသင်းတွင်သာ စတင်နေရာပေးသွားမည်ဖြစ်သော်လည်း ပြိုင်ဘက်အသင်းများထံ အလွယ်တကူမဆုံးရှုံးရစေရန်အတွက် ယူရိုသန်း (၃၀၀) တန် လျော်ကြေးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Source: Goal.com

မိုင်ယာဟာ (၂၀၂၀) ခုနှစ်မှာ ဆော်ပိုလိုအသင်းကနေ လာလီဂါကို ပြောင်းရွှေ့သွားတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။ ဆော်ပိုလိုအသင်းကနေ လာလီဂါကို ပြောင်းရွှေ့သွားတဲ့ ပထမဆုံးကစားသမားကတော့ Reinier ဖြစ်ပြီး ယူရို (၃၅) သန်းဖြင့် ရီးရဲအသင်းထံ ဇန်နဝါရီလက ပြောင်းရွှေ့ခဲ့တာပါ။