UEFA ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လီဗာပူးလ်အသင်း ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းမှာ အားထားရဆုံး တိုက်စစ်မှူးမက်ဆီရဲ့ စွမ်းဆောင်မှုတွေနဲ့ ဘာစီလိုနာအသင်း မျက်နှာပန်းလှခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းကတော့ မက်ဆီ၊ ကော်တင်ဟို၊ ဆွာရက်ဇ်၊ ပီကေးစတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကို အားဖြည့်ထားတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ပွဲချိန်စတင်ကတည်းက လီဗာပူးလ်အသင်းကို ဖိအားပေးကစားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

ပွဲချိန် (၂၆) မိနစ်မှာတော့ အယ်လ်ဘာရဲ့ပေးပို့မှုကနေတစ်ဆင့် တိုက်စစ်မှူးဆွာရက်ဇ်အကောင်းဆုံးပိတ်သွင်းယူခဲ့ကာ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို စောစီးစွာရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဖေမီနိုပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာကြောင့် တိုက်စစ်ပိုင်းအားနည်းနေခဲ့ပြီး ချေပဂိုးရရှိမယ့်အခွင့်အရေးများစွာရခဲ့ပေမယ့်လည်း ကောင်းစွာအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာပွဲချိန် (၇၅) မိနစ်မှာတော့ ဆွာရက်ဇ်ကန်လိုက်တဲ့ ဘားတန်းထိမှန်ပြန်ထွက်လာတဲ့ဘောလုံးကို တိုက်စစ်မှူးမက်ဆီ အကောင်းဆုံးအနေအထားနဲ့ အသင့်ရှိနေပြီး လှလှပပသွင်းယူကာ အသင်းအတွက် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source : El Comercio/ Perú

ထပ်မံပြီး မက်ဆီကပဲ ပွဲချိန် (၈၂) မိနစ်တွင် ဘာစီလိုနာအသင်းရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ (၃-၀) ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ ပွဲကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ မက်ဆီရဲ့ ထူခြားတဲ့စွမ်းဆောင်ရည်တွေနဲ့ အတူ လီဗာပူလ်းကို ဂိုးပြတ်အနိုင်ရလဒ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တက်ရောက်ဖို့ ပိုမိုအခွင့်အရေးများသွားခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီကတော့ အဆိုပါပွဲစဉ်မှာ သွင်းယူခဲ့တဲ့ကင်းဂိုးတွေ အပါအဝင် ဘာစီလိုနာအသင်းကစားသမားဘဝမှာ ကစားခဲ့တဲ့ ပွဲစဉ် (၆၈၃) ပွဲမှာ သွင်းဂိုးစုစုပေါင်း (၆၀၀) ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Source : The Independent