တနင်္ဂနွေနေ့ညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကောင်းတစ်ပွဲဖြစ်တဲ့ လက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်လက်စတာစီးတီးအသင်းကို (၁-ဝ) ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး ချယ်လ်ဆီးတို့ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Source : Angle News

အဆိုပါပွဲစဉ်မှာ အိမ်ရှင်းအသင်းဖြစ်တဲ့ လက်စတာစီးတီးကတော့ ဗာဒီ ပါရက် တိုင်လီမန်းစ် အမ်ဒီဒီ ချီဝဲလ် စတဲ့ကစားသမားတွေပွဲထွက်လာခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ အေဘရာဟမ် ပူလီဆစ် မေဆန်မောင့် ဝီလီယံ ကန်တီ အီမာဆန် ဇူးမား စတဲ့ကစားသမားကောင်းတွေနဲ့ အကောင်းဆုံးပြင်ဆင်ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန်ပထမပိုင်းမှာစတင်ချိန်မှာ နှစ်သင်းစလုံးရဲ့ ကစားပုံတွေက အနည်းငယ်သွေးအေးနေခဲ့တာကြောင့် ပျင်းဖို့ကောင်းခဲ့တာအမှန်ပါ။သို့သော်ပွဲကစားချိန်ကြာလာနဲ့ အမျှ အိမ်ရှင်လက်စတာအသင်းက ပိုမိုဖိအားပေးကစားလာခဲ့ပြီး ဦးဆောင်ဂိုးရရှိမယ့်အခွင့်အရေးကောင်းတွေရှိခဲ့ပေမယ့် ဂိုးအဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။

Source : The Independent

ဒါကြောင့် ပထမပိုင်း ၄၅ မိနစ်ကို ဂိုးမရှိသရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားအပြောင်းအလဲတစ်ခုပြုလုပ်ခဲ့ပြီး ကစားကွက်ကိုပိုမိုကောင်းမွန်အောင်မြှင့်တင်ခဲ့ပါတယ်။ ပြောင်းလဲခဲ့တဲ့ရလဒ်အတိုင်းပဲ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားအားက ပထမပိုင်းမိနစ်တွေထက်ပိုကောင်းလာခဲ့ကာ ပွဲချိန် (၅၅) မိနစ်မှာပဲ အေဘရာဟမ်ရဲ့ သွင်းဂိုးကနေ ဦးခေါင်ဂိုးရရှိမယ့်အခြေအနေဖြစ်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ သို့သော် နောက်ထပ် (၈) မိနစ်အကြာမှာတော့ လူစားလဲဝင်ရောက်လာတဲ့ ဘာကလေက အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ပွဲကစားချိန် (၆၃) မိနစ်မှာဦးဆောင်ဂိုးရရှိခဲ့ပြီး နောက်ဆုံးမိနစ်တွေအထိပွဲကိုဆက်ထိန်းကစားခဲ့ရာ အဆိုပါတစ်လုံးထဲသော သွင်းဂိုးကနေပဲ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Source : FourFourTwo

FA ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့မှုအရတော့ ချယ်လ်ဆီးအသင်းဟာ နော်ဝစ်ချ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။