အရက်ကို အနည်းငယ်သာသောက်သုံးပြီး ဆေးအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပါတယ်။သို့သော်လည်း အလွန်အကျွံသောက်သုံးမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနိုင်သလို လောလောလတ်လတ်အရက်နာကျတဲ့ ဝေဒနာကိုလည်းခံစားရမှာပါ။ကွီးတို့အနေနဲ့ အရက်သောက်တဲ့အခါ အရက်နာမကျအောင် ဒီအချက်တွေလိုက်နာဖို့ လိုပါလိမ့်မယ်။

(၁) ချင့်ချိန်သောက်ပါ

Source : The Right Step

အရက်နာမကျဖို့ အရင်ဆုံးလိုက်နာရမှာက limits ပါ။ ကိုယ့်ရဲ့ limits ကိုကိုယ်အမြဲသတိရဖို့လိုပါတယ်။ limits ထက်ကျော်လွန်ပြီး အလွန်အကျွံသောက်တဲ့အခါ Hangover ဖြစ်စေသလို အသည်းကိုလည်းဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် အရက်သောက်တဲ့အခါ ချင့်ချိန်ပြီး အမြဲသောက်သင့်ပါတယ်။

(၂) ရေသောက်ပါ

Source : Smart Side

အရက်သောက်ရင်ရေမရောဘူးဆိုတဲ့ အယူအဆတွေရှိတက်ပါတယ်။ အရက်ချည်းပဲသောက်တဲ့အခါ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်ပြီး နောက်တစ်နေ့အရက်နာကျဖို့ ပိုအခွင့်အရေးများပါတယ်။ဒါကြောင့် အရက်သောက်တဲ့အခါရေရောသောက်ပါ။ဒါမှမဟုတ် အရက်တစ်ခွက် ရေတစ်ခွက်သောက်သုံးပေးသင့်ပါတယ်။

(၃) အစားစားပါ

Source : Medical News Today

အရက်မသောက်ခင် သို့မဟုတ်သောက်ပြီးချိန်တွင် ဗိုက်ထဲအစားတစ်ခုခုရှိခြင်းက အရက်နာကျခြင်းကို နည်းပါးစေပါတယ်။ အရက်နာကျခြင်းက သွေးတွင်းသကြားဓာတ်နည်းခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ သွေးတွင်းသကြားဓာတ်နည်းနေခြင်းကြောင့် အရက်နာကျခြင်း ခေါင်းမူးခြင်း ပျို့အန်ခြင်းတို့ဖြစ်စေတာပါ။ ဒါကြောင့် အရက်မသောက်ခင်သော်လည်းကောင်း သောက်ပြီးသော်လည်း အစားစားဖို့ အကြံပြုချင်ပါတယ်။

(၄) ကောင်းစွာအနားယူပါ

Source : istock

အရက်သောက်ပြီး နောက်ထပ်ပွဲတွေမဆက်ဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် အရက်သောက်ပြီး ကောင်းစွာအနားယူခြင်းမရှိရင် ပိုပြီးအရက်နာကျစေနိုင်လို့ပါ။အကောင်းဆုံးကတော့ အရက်သောက်ပြီးရင် ကောင်းစွာအိပ်စက်အနားယူဖို့လိုပါတယ်။ဒါမှလည်း ခန္ဓာကိုယ်ကကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ပြည့်ဝစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေမရှိမှာပါ။