Workout တိုင်းမှာ သူ့နည်းစနစ်နဲ့သူ ရှိပါတယ်။ အားကစားလုပ်ချိန်မှာ အခြေခံကစပြီး လိုက်နာဖို့က အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။ အခုပြောမယ့် အခြေခံအချက်တွေဟာ အားကစားလုပ်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကျော်သွားမယ်ဆိုရင် အားကစားလုပ်ရာမှာ ထိရောက်မှုလည်း နည်းပြီး လုပ်သလောက်လည်း အကျိုးဖြစ်မှာ မဟုတ်ပါဘူး။ အားကစားလုပ်ပြီး ကိုယ်လိုချင်တဲ့ ဘော်ဒီရချင်တယ်ဆိုရင်တော့ အခုပြောမယ့် အခြေခံအချက်တွေကို ကျော်မသွားဖို့ လိုပါတယ်။
(၁) အစားအသောက် မှန်ပါစေ
Photo: Freepik
Gym ကစားမယ်ဆိုရင် ပရိုတိန်း ၊ ကာဗွန်ဟိုက်ဒရိတ် စတဲ့ အာဟာရဓါတ်တွေ လုံလောက်အောင် စားပေးရမှာပါ။ Body Building လုပ်နေတဲ့သူဆိုရင် ယေဘုယျအားဖြင့် အစားကို များများ စားပေးဖို့က အရေးကြီးပါတယ်။
(၂) ကောင်းကောင်းနားပါ
Photo: Freepik
ညဘက်အိပ်ရေးဝအောင် အိပ်ထားမှ နောက်တစ်နေ့ Gym ခန်းမှာ အားကစားလုပ်လို့ ကောင်းမှာပါ။ အနားယူခြင်းဟာ ကြွက်သားတည်ဆောက်မှုအတွက် အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးပျက်မယ်ဆိုရင်တော့ အားကစားလုပ်ချိန်မှာ အလိုလို နှုံးချိနေနိုင်ပါတယ်။
(၃) ရေဓါတ်ပြည့်အောင် ဂရုစိုက်ပါ
Photo: Freepik
ရေဓါတ်ဟာ ကိုယ်ခန္ဓာမှာ အလွန်ပဲ အရေးကြီးပါတယ်။ ရေဓါတ်ကျဆင်းသွားမယ်ဆိုရင် အားနည်းမူးဝေရာကနေ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီထက်ဆိုးတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ ရေ ၈ ဖန်ခွက် သောက်ဖို့ လိုပါတယ်။ အားကစားလုပ်တဲ့သူတွေမှာတော့ ရေအနည်းဆုံး တစ်နေ့ ၉ ခွက်တော့ သောက်ပေးသင့်ပါတယ်။
(၄) ပုံမှန်အကြောလျှော့ပေးပါ
Photo: Freepik
အကြောလျှော့ခြင်းဟာ ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ်အောင် လမ်းကြောင်းပေးလိုက်တာပါ။ အကြောမလျှော့ဘဲ အားကစားလုပ်မယ်ဆိုရင် ကြွက်သားနာကျင်တာနဲ့ အကြောထိခိုက်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အားကစားလုပ်ခါနီးနဲ့ လုပ်ပြီးတိုင်း အကြောလျှော့ပေးဖို့ လိုပါတယ်။