ကြိုးခြောက်ချောင်းတည်းပါတဲ့ ဂစ်တာဟာ နတ်ပြည်ခြောက်ထပ်ကို ခေါ်သွားနိုင်တဲ့ အစွမ်းရှိပါတယ်။ ဂစ်တာကို စပြီး အတီးသင်တဲ့ သူတွေမှာ တစ်နေ့မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်လို ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်မှုလေးတွေ ရှိပါတယ်။ ဒါပေမယ့် Beginner တစ်ယောက်အနေနဲ့ ဂစ်တာတီးရာမှာ ဒီအချက်တွေ သိထားသင့်ပါတယ်။

young man learns to play the guitar using the internet, laptop, online lesson

(၁) အနုပညာမှာ ကျွမ်းကျင်ပြီးမှ ဖန်တီးမှုက လိုက်ပါတယ်။ ကျွမ်းကျင်ဖို့ လေ့ကျင့်ဖို့ လိုပါတယ်။ Beginner တစ်ယောက်အတွက် လေ့ကျင့်ခြင်းဟာ ပြီးပြည့်စုံခြင်း ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ပဲ ဖြစ်ချင်ဖြစ်ချင် လူသားတစ်ယောက်ရဲ့ အနုပညာမြတ်နိုးမှုနဲ့ပဲ သင်သင် ဂစ်တာသင်ရာမှာ လေ့ကျင့်မှုက အခရာပါ။

(၂) ဂစ်တာတီးသင်တာဟာ ထင်သလောက် မလွယ်ပါဘူး။ သည်းခံစိတ်ရှည်နေဖို့ လိုပါတယ်။ ဘယ်လိုသီချင်းကို တီးတတ်ချင်တာလဲ ။ အမြဲတမ်း မျှော်လင့်ချက်နဲ့ ထက်သန်မှု ရှိနေဖို့ လိုပါတယ်။ ဒါမှ ခရီးရောက်မှာပါ။

(၃) ဂစ်တာအခြေခံ စပြီး အတီးသင်မယ့်သူတွေအတွက် အရေးကြီးတဲ့ နောက်ထပ် စည်းမျဉ်းတစ်ခုက လေ့ကျင့်ချိန်တိုင်းမှာ အပြည့်အဝအာရုံစိုက်တာပါပဲ။ လေ့ကျင့်မှု လုပ်နေတဲ့ အချိန်တိုင်းမှာ ကိုယ့်ရဲ့ သင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်အာရုံကိုမဆို ဖြတ်တောက်ထားဖို့ လိုပါတယ်။

man in tights sitting in the living room. musician playing the guitar

(၄) တစ်ခြားသူတွေ တီးတဲ့ သံစဉ်ကို နားထောင်တဲ့ စွမ်းရည်ကလည်း အရေးကြီးပါတယ်။ ဂစ်တာ Player ကြီးတွေရဲ့ လက်သံတွေ စုစည်းထားတဲ့ အယ်လ်ဘမ်တွေကနေ အကြားနဲ့ သင်ယူတာ တို့ ၊ YouTube ကနေ ကြည့်လို့ရမယ့် ဂစ်တာတီးတဲ့ နည်းစနစ်အကြောင်း လေ့လာတာတို့ဟာ ကိုယ့်ရဲ့ Beginner ဘဝကို ပိုပြီး မြန်မြန်ဆန်ဆန် အထက်တက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

(၅) ဂစ်တာတီးနည်းအမျိုးမျိုးကို လက်သင်အဆင့်မှာကတည်းက သင်ထားမယ် ၊ လေ့ကျင့်ထားမယ်ဆိုရင် ဂစ်တာတီးလေ့ကျင့်ရတာ ပျော်စရာကောင်းလာသလို စိတ်ဝင်စားစရာတွေလည်း ရှိလာပါလိမ့်မယ်။ ဂစ်တာသမိုင်းမှာ ခေတ်အဆက်ဆက်က သီချင်းတွေကို စမ်းပြီး တီးသင့်သလို ဂစ်တာကို ပုံစံမျိုးစံနဲ့ လေ့ကျင့်တာ ကောင်းပါတယ်။

(၆) ဂစ်တာဘာကြောင့် တီးတာလဲဆိုရင် စိတ်ကို Entertain ဖြစ်စေဖို့ပါ။ ဂစ်တာတီးလေ့ကျင့်ရမယ့် အချိန်တွေဟာ ပျော်စရာပဲလို့ ခံယူတတ်ပြီး အလုပ်တစ်ခုဆိုတာထက် ကိုယ်မလုပ်ရမနေနိုင်အောင် စွဲလမ်းနေတဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်အောင် ဂစ်တာနဲ့ လူ တစ်သားတည်း ရှိဖို့လိုပါတယ်။ ဒီလိုဆိုရင် လက်သင် Beginner တစ်ယောက်အဖြစ်ကနေ အဆင့်အတန်းမြင့်မားတဲ့ ဂစ်တာ Player တစ်ယောက်ဘဝအထိ ရောက်နိုင်ပါတယ်။

Photo : Freepik