ကွီးတို့အတွက် ဆံကေသာ ကျန်းမာလှပခြင်းသည်လည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဆံကေသာ ကျန်းမာလှပဖို့နဲ့ ဆံပင်အလွန်အမင်း ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကို တားဆီးဖို့ရန်အတွက် ဆံကေသာနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းနည်းများကို သိထားဖို့လိုအပ်ပါတယ်။

ဦးရေပြားကို သန့်ရှင်းအောင် ထားပါ

Good and Bad Things About Procrastination

ဦးရေပြား သန့်ရှင်းခြင်းသည် ဆံကေသာ ကျန်းမာခြင်းရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ဦးရေပြားသာ မသန့်ရှင်းဘူးဆိုရင်တော့ သင့်ရဲ့ဆံကေသာလည်း ဘယ်လိုမှ ကျန်းမာသန်စွမ်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ခေါင်းလျှော်တဲ့အခါမှာလည်း လိုအပ်သည်ထက် ပိုပြီး မလျှော်မိဖို့လိုပါတယ်။ သင်သည် တစ်ပတ်လျှင် ဘယ်နှကြိမ် ခေါင်းလျှော်သလဲဆိုတဲ့အချက်ပေါ် မူတည်ပြီး သင့်ရဲ့ဆံကေသာသည် ခြောက်သွေ့ဆံကေသာလား၊ အဆီပြန်တဲ့ ဆံကေသာလား ဆိုတာ ပြောင်းလဲသွားတတ်ပါတယ်။

မိမိဆံကေသာနဲ့ ကိုက်ညီတဲ့ ဆံကေသာထုတ်ကုန်ပစ္စည်းများကို အသုံးပြုပါ

Good and Bad Things About Procrastination

Photo: Style At Life

ခေါင်းလျှော်ရည်၊ Conditioner ၊ ခေါင်းလိမ်းဂျယ်လ် စတာတွေကို မဝယ်ယူခင်မှာ သင့်ရဲ့ဆံကေသာသည် ဘယ်အမျိုးအစားထဲမှာ ပါဝင်သလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ကိုယ့် ဆံကေသာ အမျိုးအစားနဲ့ ကိုက်ညီတဲ့ ဆံကေသာထုတ်ကုန်အမျိုးအစားတွေသည် ကိုယ့်ရဲ့ဆံကေသာအလှကို ပိုမိုတိုးမြှင့်ပေးပါတယ်။

ဇွဲ၊ လုံ့လရှိပါ

Good and Bad Things About Procrastination

ဟုတ်ပါတယ်။ ဘယ်အရာပဲလုပ်လုပ် စလုပ်လိုက်ပြီဆိုတာနဲ့ အလေ့အကျင့်ဖြစ်သွားအောင်လို့ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ တစ်ရက်၊ နှစ်ရက်လောက်ပဲ ဆံပင်ကို ပြုပြင်ထိန်းသိမ်းလို့ အကြောင်းမထူးပါဘူး။ ထိုတစ်ရက်စာ ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ရက်လောက် စလုပ်ပြီဆိုတာနဲ့ ပုံမှန်အတိုင်း ပြုလုပ်ပေးသွားရပါမယ်။

ဆံကေသာ အစိုဓာတ်ရရှိအောင် ပြုလုပ်ပါ

Good and Bad Things About Procrastination

သင့်ရဲ့ ဆံကေသာအမျိုးအစားပေါ် မူတည်ပြီး သင့်ရဲ့ဆံပင်သည် အစိုဓာတ်ဘယ်လောက် လိုအပ်သလဲဆိုတာ ပြောင်းလဲသွားတတ်ပါတယ်။ ခြောက်သွေ့ဆံကေသာပိုင်ရှင်များနှင့် ပျက်စီးနေသော ဆံကေသာပိုင်ရှင်များသည် အခြားသောဆံကေသာပိုင်ရှင်များထက် အစိုဓာတ် ပိုမိုလိုအပ်တာကြောင့် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

ခြောက်သွေ့သော ဦးရေပြားပိုင်ရှင်များအတွက်

Good and Bad Things About Procrastination

ခြောက်သွေ့သော ဦးရေပြားပိုင်ရှင်များအတွက်တော့ အုန်းဆီ၊ သံလွင်ဆီနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့သည် အကောင်းဆုံးဆေးစွမ်းကောင်းများပဲဖြစ်ပါတယ်။ ထိုပစ္စည်းများသည် ဦးရေပြား ယားယံခြင်းကို သက်သာစေပြီး ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။

ဆံပင်အလွန်အမင်းကျွတ်သော ကွီးတို့အတွက်

Good and Bad Things About Procrastination

ဆံပင်အလွန်အမင်းကျွတ်သော ကွီးတို့ကတော့ အုန်းဆီ လိမ်းတဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တတ်သူများက ဆေးလိပ်ဖြတ်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ များများစားသုံးပေးကာ ဆံကေသာကျန်းမာလာအောင် ကူညီပေးနိုင်ပါတယ်။

Source: Healthline.com

Featured Image: Fashionbeans