ကျွန်တော်တို့ဟာ ရခဲလှတဲ့ လူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းချင်ကြတာပဲမဟုတ်လား။ နေ့ရက်တိုင်းမှာ ပျော်ရွှင်စရာတွေ ဖန်တီးဖို့ ကျွန်တော်တို့ဆီမှာ အခွင့်အရေးကိုယ်စီရှိကြပါတယ်။ ခုပြောပြမယ့်အရာလေးတွေကို နေ့စဉ်လုပ်ဆောင်ခြင်းဖြင့် သင့်ဘဝကိုအရင်ကထက်ပိုပြီးပျော်ရွှင်လာစေမယ်ဆိုတာ ယုံကြည်လိုက်ပါ။

(၁) တစ်နေ့တာ အစပျိုးမှုကောင်းမွန်ပါစေ

Happy Man Waking Up In The Morning

Photo : The Paleo Mom

နေ့တစ်နေ့ရဲ့အစကို ကောင်းမွန်တဲ့အရာတွေနဲ့ စတင်ခြင်းက ဖြတ်သန်းရမယ့် တစ်နေ့တာလုံးမှာ စိတ်ကြည်လင်လန်းဆန်းခြင်းတွေကို ပေးစွမ်းပါလိမ့်မယ်။ အိပ်ရာနိုးတာနဲ့ ရေသောက်တာ ၊ လေ့ကျင့်ခန်း ၁၅ မိနစ်လုပ်တာ ၊ မကောင်းတဲ့အတွေးတွေရှင်းထုတ်တာ အာဟာရပြည့်ဝတဲ့မနက်စာစားတာ စတဲ့ ကောင်းတဲ့အရာတွေနဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်မယ်ဆိုရင် တစ်နေ့တာလုံးအားအင်ပြည့်ဝလန်းဆန်းပြီးပျော်ရွှင်မှုကိုခံစားရစေမှာပါ။

(၂) အပြုံးတွေမျှဝေပါ

Group Of Happy People Talking

Photo : 123RF

လူတွေကို ပြုံးပြခြင်းဖြင့် ပျော်ရွှင်မှုတွေကို တခြားလူတွေနဲ့ မျှဝေခံစားလိုက်ပါ။ သင့်ရဲ့အပြုံးတစ်ချက်က တစ်ဖက်လူအပေါ်မှာ အများကြီး သက်ရောက်မှုရှိစေပါတယ်။ သင့်ရဲ့တစ်နေ့တာကို အပြုံးနဲ့ကျော်ဖြတ်လိုက်ပါ။

(၃) အကောင်းမြင်စိတ်ထားပါ

 Happy Man

Photo : iStock

စိတ်ညစ်စရာကိစ္စတစ်ခုခုနဲ့ကြုံလာရင်တောင်မှ အကောင်းဘက်ကလှည့်တွေးပြီး အဆိုးထဲကအကောင်းကိုရှာနိုင်ရင် စိတ်ဖြေရာရောက်ပါတယ်။ဒါကြောင့်တက်နိုင်သလောက် အကောင်းမြင်စိတ်မွေးပါ။ အကောင်းမြင်စိတ်မွေးမြူတဲ့အခါ ပျော်ရွှင်ရတဲ့အချိန်တွေလည်းပိုပြီးရလာမှာပါ။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Fit man exercising at the gym on a machine

Photo : PhotoDune

လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်သလို ပျော်ရွှင်မှုဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ပြီးတော့ ရုပ်ရည်အတွက်လည်းမိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာစေပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိနေပါစေ။

Featured Photo : Unsplash