ပိုက်ဆံဟာ ဥပဒေလိုပဲ လူတိုင်းနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပြီး သူ့မှာလည်း ဥပဒေလို စည်းမျဉ်းတွေ ရှိနေပါတယ်။
ပိုက်ဆံနဲ့ ပတ်သက်တဲ့ တစ်ချို့ စည်းမျဉ်းတွေဟာ များသောအားဖြင့် ရှေးဆန်ပါတယ်။ ဒါပေမယ့်လည်း ဒီရှေးဆန်တဲ့ စည်းမျဉ်းတွေဟာ အခုထိ အသုံးတည့်နေတတ်ပါတယ်။

(၁) ကြိုးစားရှာပါ

Photo: Freepik

ရိုးသားစွာ ကြိုးစားရှာပါ ဆိုတဲ့ စကားတာ ကြားလွန်းလို့ ရိုးနေရော့မှာပါ။ ဒါပေမယ့် အမှန်ပါပဲ။ ရိုးသားစွာ ငွေမရှာရင် စိတ်လည်းမချမ်းသာ ပြဿာနာတွေလည်း ဆင့်ကဲ ဆင့်ကဲ ကြုံရပါလိမ့်မယ်။ အရနည်းပေမယ့် သမ္မာအာဇီဝနဲ့ပဲ ငွေရှာပါ။

(၂) စည်းကမ်းထားသုံးပါ

Photo: Freepik

အသုံးအစွဲ စည်းကမ်းထားခြင်း ၊ အပေးအကမ်း အချေးအငှား စနစ်ကျခြင်းဟာ ကိုယ်ရှာထားတဲ့ ငွေကို ရိုသေတာပါပဲ။ ငွေကို မရိုသေမ‌လေးစားရင်တော့ ရှာသမျှ ဖွေသမျှဟာ ခွက်ပေါက်နဲ့ ရေခပ်သလို အခွံပဲ ကျန်ခဲ့ပါလိမ့်မယ်။

(၃) ပွားများအောင် စီမံပါ

Photo: Freepik

ငွေကို ရှာဖွေ စုဆောင်းရသလို တိုးတက်ပွားများအောင်လည်း နည်းလမ်း ရှာရပါတယ်။ ယိုပေါက်မရှိအောင် ငွေကြေးစီမံရသလို ရလာတဲ့ ငွေကြေးဥစ္စာတွေကိုလည်း အရင်းအနှီးပြုပြီး တိုးပွားဖို့အတွက် လုပ်ငန်းတွေ လုပ်ရပါမယ်။

(၄) ပေးကမ်းပါ

Photo: Freepik

မျှဝေခြင်းဟာ မြင့်မြတ်တဲ့ လုပ်ရပ်ပါ။ ကိုယ်ရှာထားတဲ့ ငွေနဲ့ အများပြည်သူ့အတွက် အကျိုးများမယ့် နေရာတွေမှာ ရက်ရောစွာ စွန့်လှူပေးကမ်းတတ်ပါစေ။ ဒါဟာ ငွေကို အကျိုးရှိရှိ သုံးတတ် စီမံတတ်သူတို့ရဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။