Relationship တစ်ခုတည်ဆောက်ထားတဲ့ ကွီးတို့အနေနဲ့ ကိုယ်ချစ်သူမိန်းကလေးက ကိုယ့်စီကနေဘယ်လိုအရာတွေကို လိုချင်လဲဆိုတာသိကြပါသလား။အကယ်၍မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ မိန်းကလေးအများစု ကိုယ်ချစ်သူစီကနေ တောင်းတတဲ့အရာလေးတွေကို သိသွားပါလိမ့်မယ်။

(၁) စိတ်ချလုံခြုံမှုရှိခြင်း

Source : Shutterstock

Relationship တစ်ခုမှာ မိန်းကလေးတိုင်းလိုလို ကိုယ်ချစ်သူစီကနေ မျှော်လင့်တဲ့အရာတစ်ခုက စိတ်ချလုံခြုံမှုပါ။ မိန်းကလေးတွေဟာ သူတို့ချစ်တဲ့သူတစ်ယောက်အပေါ် အပြည့်အဝယုံကြည်စိတ်ချထားချင်ကြပါတယ်။ စိုးရိမ်ကြောက်ရွံမှုတွေမရှိပဲ အေးချမ်းတဲ့ရင်ခွင်တစ်စုံကိုလိုချင်ကြတာပါ။ဒါကြောင့်သူမကိုစိတ်ပူစေမယ့်အရာတွေ စိတ်မချဖြစ်စေရမယ့်အခြေအနေတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၂) ကြင်ကြင်နာနာဆက်ဆံခံရခြင်း

Source : Shutterstock

မိန်းကလေးတွေရဲ့သဘာဝအတိုင်း နူးညံ့သိမ့်မွေ့ပြီး ကြင်ကြင်နာနာနဲ့ နွေးထွေးစွာဆက်ဆံမှုတွေကို သဘောကျကြပါတယ်။ကိုယ်ချစ်သူရဲ့ နွေးထွေးကြင်နာမှုတွေကိုတခြားသောတန်ဖိုးကြီးလက်ဆောင်တွေထက်ပိုပြီးလိုလားကြတာပါ။ဒါကြောင့် ကိုယ့်ချစ်သူကောင်မလေးအပေါ် အတက်နိုင်ဆုံး စိတ်ရှည်ပါ။သည်းခံပါ။ နွေးနွေးထွေးထွေးပြောဆို ဆက်ဆံတာတွေ၊ ကြင်နာယုယစွာဆက်ဆံတာတွေမျိုးတွေပြုလုပ်ပေးသင့်ပါတယ်။

(၃) ဦးဆောင်ခံရခြင်း

Source : Shutterstock

ဘယ်လောက်တော်ပြီးထက်မြတ်တဲ့မိန်းကလေးဖြစ်နေပါစေ အချစ်နဲ့တွေ့ရင်တော့ ကိုယ်ချစ်သူရဲ့ ဦးဆောင်မှုကိုခံခြင်းကြပါတယ်။ ဦးဆောင်နိုင်တဲ့ ယောကျာ်းလေးဖြစ်မှသာ ကိုယ်ဦးဆောင်မယ့်အနာဂတ်မှာ အနေနဲ့ ရဲရဲဝံ့ဝံ့တစ်ဘဝလုံးလက်တွဲသွားချင်မှာပါ။အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ ဘယ်သွားမယ် ဘယ်ဆိုင်ထိုင်မယ်ဆိုတာကအစ သူတို့ကိုစဉ်းစားခိုင်းတာမကြိုက်ကြပါဘူး။ကွီးတို့ဘက်ကနေပဲဦးဆောင်ပြီးအရာအားလုံးကိုလုပ်ကိုင်နိုင်တာမျိုးလိုချင်ကြတာပါ။

(၄) နားလည်မှုရှိခြင်း

Source : Shutterstock

Relationship တစ်ခုမှာ နားလည်မှုကအရမ်းကိုအရေးကြီးပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ရှိမှလည်းရေရှည်လက်တွဲဖို့ဖြစ်နိုင်မှာပါ။နားလည်မှုဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့မရနိုင်ပါဘူး။တစ်ယောက်အကြောင်းတစ်ယောက်သေချာလေ့လာပြီး လိုအပ်ချက်တွေကိုနားလည်ပေးနိုင်မှသာ နားလည်မှုဆိုတာတည်ဆောက်လို့ရနိုင်မှာပါ။

မိန်းကလေး တွေဟာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီး နားလည်မှုကိုအကောင်းဆုံးတည်ဆောက်ချင်သူတွေဖြစ်ပါတယ်။ နားလည်မှုရှိမှလည်း သာယာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်နိုင်မှာဆိုတော့ ကွီးတို့အနေနဲ့ သူမနဲ့အရင်ဆုံး နားလည်မှုတည်ဆောက်ဖို့အကြံပြုချင်ပါတယ်။

Featured Photo : Healthline