Relationship တွေကို အမျိုးအစား ခွဲမယ်ဆိုရင် မနည်းမနော ထွက်လာမှာပါပဲ။ လူဆိုတာကလည်း အမျိုးမျိုးအဖုံဖုံ ဆက်သွယ်ပတ်သက်နေကြတာ မလား။ ဒါပေမယ့်လည်း Relationship ကို အုပ်စုကြီးနှစ်စု ခွဲလိုက်မယ်ဆိုရင် သမုဒယနွှယ်တဲ့ Romantic ဆက်ဆံရေးနဲ့ တွေ့ကြုံဆုံဆည်းကြတဲ့ Non-Romantic ဆိုပြီး နှစ်မျိုး ရှိမယ်ထင်ပါတယ်။

Romantic ဆက်ဆံရေးမှာမှ Dating အဆင့်ကနေ တာဝန်ယူမှုရှိတဲ့ ရေရှည်အချစ်ရေး ၊ နှစ်ယောက်သုံးယောက်မက တွဲနေတဲ့ အတည်မရှိတဲ့ Casual ဆက်ဆံရေး ၊ လိင်ကိစ္စနဲ့ပဲ ဆက်ဆံတဲ့ Casual Sex ၊ သူငယ်ချင်းလိုလိုနဲ့ ကြုံသလို တွဲကြတဲ့ Situationship တွေဆိုပြီး အစုံပလုံ ရှိပါတယ်။ စိတ်ပညာအရကတော့ ခံစားမှုပေါ်လိုက်ပြီး Relationship တွေကို အမျိုးအစား ခွဲထားတာ ရှိပါတယ်။

Couple

Photo: Unsplash

ပါမောက္ခ Robert Sternberg ရဲ့ ထရိုင်အန်ဂူလာ (သုံးချောင်းထောက်) အချစ်ရေးသီအိုရီအရဆို Relationship ကို အချစ်ရဲ့ အဓိကအစိတ်အပိုင်း ၃ ခု ဖြစ်တဲ့ တပ်မက်မှု Passion ၊ ကိုယ်လက်နှီးနှောဆက်ဆံမှု Intimacy နဲ့ တာဝန်ယူမှု Commitment ဆိုတဲ့ Component သုံးခုနဲ့ ခွဲခြားထားပါတယ်။

Passion ဆိုတာ စိတ်လှုပ်ရှားတက်ကြွမှုနဲ့ ဆွဲဆောင်နိုင်မှုဆိုတဲ့ ခံစားချက်တွေကို ရည်ညွှန်းပြီး Intimacy ကိုတော့ နီးကပ်မှု ဆက်သွယ်မှုတို့ရဲ့ ခံစားချက်ကို ခေါ်ပါတယ်။ စတန်းဘာ့ဂ်ရဲ့ အလိုအရ Commitment ဆိုတာ အချစ်ရေး (ဆက်ဆံရေးပုံစံ)တစ်ခုခုမှာ ဆက်ပြီး ရှိချင်တဲ့ ၊ ဒီအချစ်ရေးကိုမှ ပိုပြီး ကြီးထွားခိုင်မြဲအောင် ပျိုးထောင်လိုတဲ့ ဆုံးဖြတ်ချက်မျိုးကို ဆိုလိုပါတယ်။ ဒီအပိုင်း ၃ ခုနဲ့ တွက်ဆကြည့်ရာမှာ မတူညီတဲ့ Relationship အမျိုးအစား ၇ ခု ထွက်လာပါတယ်။

Shades

Photo: Unsplash

အဲ့ဒါတွေကတော့ ရာဂသက်သက် တပ်မက်မှု Infatuation (Passion) ၊ ခင်မင်ရင်းနှီးမှု (Intimacy) ၊ အချစ်ချည်း သက်သက် Empty Love (Commitment) ၊ ရင်ခုန်စိတ်လှုပ်ရှားမှုပါတဲ့ အချစ် (Passion + Intimacy) ၊ မိုက်မဲအချစ် (Passion + Commitment) ၊ အတူယှဉ်တွဲပေါင်းဖက်ချင်တဲ့အချစ် ( Intimacy + Commitment) နဲ့ အရာအားလုံးပေါင်းဆုံထားတဲ့ Consummate Love ( Passion + Intimacy + Commitment) အချစ်မျိုးတို့ပဲ ဖြစ်ပါတယ်။

ပါမောက္ခစတန်းဘာ့ဂ်ပြောတဲ့ အချစ်တွေထဲမှာ ကိုယ့်အချစ်က ဘယ်လိုမျိုးလဲဆိုတာ ကိုယ့်ဘာသာပဲ ဒီသုံးချောင်းထောက်အချစ်သီအိုရီနဲ့ တိုက်ကြည့်နိုင်ပါတယ်။

Featured Photo: iNews