လူတိုင်းလူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာ အင်မတန်အရေးကြီးပါတယ်။ နေ့စဉ်လူတွေများစွာနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိခြင်းက မည်သည့်ကိစ္စတိုင်းကိုမဆို ပိုမိုလွယ်ကူပြီးမြောက်စေဖို့ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာပေါင်းသင်းဆက်ဆံရေးကောင်းဖို့ လိုက်နာသင့်တဲ့အခြေခံအချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ပြုံးပြဖို့မကြောက်ပါနဲ့

Source : Freepik

အပြုံးဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကို ခင်မင်ရင်းနှီးသွားစေမယ့် မိတ်ဆွေဖွဲ့ခြင်းအမူအရာတစ်ခုဖြစ်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးသေးတဲ့လူတစ်ယောက်ကို ပြုံးပြနှုတ်ဆက်လိုက်မယ်ဆိုရင် သင်ဟာခင်မင်ဖို့ကောင်းတဲ့လူတစ်ယောက်ဆိုတာ သူရဲ့စိတ်ထဲမှာ အလိုလိုကောက်ချက်ချသွားပါလိမ့်မယ်။ ပြုံးပြတယ်ဆိုတာ မင်္ဂလာလည်းရှိသလို နှစ်လိုဖွယ်လည်းကောင်းတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာအပြုံးက လွန်စွာအရေးပါပါတယ်။

(၂) စကားပြောကောင်းပါစေ

Source : The Independent

စကားပြောကောင်းတဲ့သူတွေဟာ လူအများရဲ့ အာရုံစိုက်မှုပိုခံရသလို လူတွေရဲ့ သဘောကျနှစ်သက်မှုကိုလည်း ရရှိကြပါတယ်။ စကားပြောကောင်းဖို့ဆိုတာ နေ့ချင်းညချင်းတော့ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။လူတွေနဲ့ များများစကားပြောရင်းလေ့ကျင့်ယူရမှာပါ။ လူတွေနဲ့စကားပြောတဲ့အခါ ကိုယ်အပေါ် အာရုံစိုက်မှုပိုရစေဖို့ စကားသံအတက်အကျတွေ ရှင်းလင်းပြတ်သားမှုတွေ ကိုယ်လက်လှုပ်ရှားမှုအမူအရာ Body Languages စတာကိုသေချာဂရုစိုက်ပြီးပြောဆိုသင့်ပါတယ်။

(၃) စိတ်ဝင်တစားနားထောင်ပေးပါ

Source : iStock

လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ စကားပြောကောင်းရုံနဲ့ မလုံလောက်သေးပါဘူး။ တစ်ဖက်လူရဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးတက်ဖို့လည်း လိုပါတယ်။ တစ်ဖက်လူစကားပြောတဲ့အချိန် သူရဲ့ မျက်လုံးတွေကိုသေချာကြည့်ပြီး နားထောင်ပေးခြင်းက ပြောနေသူရဲ့စကားကို စိတ်ဝင်တစားရှိတယ်ဆိုတာပြသရာရောက်သလို လေးစားမှုကိုဖော်ပြရာလည်းရောက်စေပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်နဲ့စကားပြောတဲ့အခါ တစ်ဖက်လူရဲ့စကားကိုသေချာစွ ာဂရုတစိုက်နားထောင်ပေးသင့်ပါတယ်။

(၄) ပျော်ပျော်နေပါ

Source : Pinterest

စူပုတ်ပုတ်မျက်နှာထားနဲ့ အချိန်တိုင်း အလိုမကျဖြစ်နေရင် လူတွေကသင်ကိုအပေါင်းအသင်း လုပ်ချင်မှာမဟုတ်တာသေချာပါတယ်။ ပျော်ပျော်နေတက်ခြင်းကတော့ ခင်မင်စရာကောင်းသလို နှစ်လိုဖွယ်လည်းကောင်းပါတယ်။ လူအများစုက ပျော်ပျော်နေတက်သူတွေကို ပိုပြီးအပေါင်းအသင်းလုပ်ချင်ကြတာကြောင့် သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုချဲ့ထွင်ချင်တယ်ဆိုရင် ပျော်ပျော်နေပါ။ စကားပြောတဲ့အခါ ရယ်စရာဟာသလေးတွေရောပြောတာကလည်း လူတွေရဲ့အာရုံစိုက်မှုကိုပိုမိုဖမ်းစားနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။