နီဗားဒါးတက္ကသိုလ် လာ့စ်ဗီးဂတ်စ်ဘက်စကတ်ဘောမယ်ဟောင်း ဒိုင်လန် ဂွန်ဇာလက်ဟာ အဆိုတော် ထရေးဆောင်းဇ်ရဲ့ အဓမ္မပြုကျင့်မှုခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။

Daily Beast သတင်းအရ လာ့စ်ဗီးဂတ်စ်ဟိုတယ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဓမ္မပြုကျင့်မှုဟာ ပြီးခဲ့တဲ့ ၉ နှစ်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဂွန်ဇာလက်ကလည်း သူမရဲ့ တရားဝင် လူမှုကွန်ရက်အကောင့်တွေကနေ ဒီစွပ်စွဲချက်ကို အတည်ပြုပြောကြားထားပါတယ်။

Trey-Songz-Dylan-Gonzalez-Rape-Accusation-Denial

Photo: perezhilton

“ထရေးဆောင်းဇ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုသတင်းတွေ မဆုံးနိုင်အောင် တက်လာချိန်မှာ ကျွန်မစိတ်ထဲမှာ ထပ်ခါတလဲလဲ ပြန်ရှင်သန်နေအောင် ကြိုးစားနေရတယ်။ အသစ်ဖြစ်တာတွေကြောင့် ခံစားရတယ်။ ကာလရှည်ကြာအောင် ခြောက်ခြားခဲ့ရတယ်။ နာမည်ကျော် လာ့စ်ဗီးဂတ်စ်ဟိုတယ်တစ်ခုမှာ သူ့လက်တွေနဲ့ ကျွန်မကို အဓမ္မလုပ်ခဲ့တာကြောင့် PTSD ဝင်ပြီး မခံစားနိုင်အောင် စိတ်ဒဏ်ရာရခဲ့တယ်။ ” လို့ ဂွန်ဇာလက်က ရေးထားပါတယ်။

သူမရဲ့ ထုတ်ပြန်ချက်ဟာ နှစ်သစ်ကူးအကြိုနေ့က နာမည်အရင်း ထရီမိန်း နဲဗားဆန်း ၊ အဆိုတော်နာမည်ဆောင်းဇ်ကို မုဒိမ်းကောင်လို့ Twitter မှာ Tweet တင်ပြီးနောက် ထွက်လာတာပါ။ အဲ့ဒီအချိန်က ဘာကြောင့် ထရေးဆောင်းဇ်ကို မုဒိမ်းကောင်လို့ ခေါ်ခဲ့သလိုဆိုတဲ့အပေါ် အသေးစိတ် ရေးမထားခဲ့ပါဘူး။ ဒီ Tweet ထွက်လာပြီးနောက်မှာတော့ သူမဟာ တရားဥပဒေလမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်ပြီး ဝတ်လုံတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဗရာဘက်ခ်နဲ့အမှုတည်ဆောက်နေပြီ ဖြစ်တယ်လို့ Daily Beast က ဖော်ပြပါတယ်။

trey-songz-live-may-2019-billboard

Photo: billboard

အခုအမှုဟာ လာ့စ်ဗီးဂတ်စ် မက်ထရိုပိုလီတန်ရဲဌာနက ဆောင်းဇ်ကို လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ လိင်စော်ကားမှုနဲ့ မဆိုင်တဲ့ သီးသန့်အမှုလို့လည်း ဂွန်ဇာလက်က ဆိုပါတယ်။ ရဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၃၇ နှစ်ပြည့် မွေးနေ့ကျင်းပခဲ့တဲ့ ဒီအဆိုတော်ကို ကော့စမိုပိုလီတန်ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုတစ်ခုနဲ့ စုံစမ်းစစ်ဆေးနေတာပါ။ ဆောင်းဇ်ဘက်က ဂွန်ဇာလက်ရဲ့ စွပ်စွဲမှုတွေ ငြင်းဆန်ထားပြီး အမှုလမ်းကြောင်းအတိုင်း လျှောက်မယ်လို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဂျော်ဟာရား ဂျက်ဖရီးစ်ဆိုသူ အမျိုးသမီးက ဆောင်းဇ်ဟာ ၂၀၁၈ နှစ်သစ်ကူးနေ့က မိုင်ယာမီကလပ်တစ်ခုအတွင်းမှာ သူမကို လိင်စော်ကာားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Featured Photo: urbanislandz