Earbuds တွေ ရွေးတဲ့အခါ Bass သံကြမ်း ကြမ်းမှ ကြိုက်ပါတယ်ဆိုတဲ့ ကွီးတို့ ရှိပါသလား ? သီချင်းတွေ နားထောင်တဲ့အခါ Bass သံ ခပ်ကြမ်းကြမ်းနဲ့ လွင့်မြောချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ရှယ်ကြမ်းတဲ့ Bass သံကို ခံစားနားဆင်နိုင်မယ့် အမိုက်စား Earbuds တွေကို မျှဝေပေးချင်ပါတယ်။

(၁) Anker Liberty 4 NC

Anker Soundcore Liberty 4 NC
Photo : Trusted Reviews

Anker Liberty 4 NC ကတော့ Mid-Range Earbuds တွေထဲမှာ ရွေးချယ်စရာတစ်ခုပါ။ Bass သံကြမ်း တယ် ၊ ကျစ်လစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ နားတပ်ထဲမှာ တပ်ဆင်ရလွယ်ကူပြီး အင်ဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းဆွဲထုတ်ထားပါတယ်။ အသံကွာလတီကောင်းကောင်းနဲ့ Heavy ဖြစ်တဲ့ Bass သံကိုမှ ခံစားနားဆင်ချင်တယ်ဆိုရင်တော့ Anker Liberty 4 NC Truly Wireless Earbud က သေချာပေါက်ဝယ်ရမယ့် Earbud တစ်ခုပဲ ဖြစ်ပါတယ်။

(၂) JBL Vibe Buds

JBL Vibe Buds
Photo : RTINGS.com

JBL ရဲ့ Earbuds တွေကတော့ အထွေအထူး ပြောစရာ မလိုအောင်ပဲ အသံကွာလတီ ၊ ဒီဇိုင်းပိုင်း အားလုံးပြည့်စုံပါတယ်။ JBL Brand ထဲမှာ ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အထဲကမှ ဈေးအသင့်အတင့်နဲ့ Bass သံကြမ်း ကြမ်း ၊ ကျစ်ကျစ်လစ်လစ် ဘော်ဒီကိုယ်ထည်နဲ့ ထွက်ရှိလာတဲ့ JBL Vibe Buds Earbud ကတော့ Bass အသားပေး ကြိုက်သူတွေ လုံးဝစိတ်ကျေနပ်မှု ရစေမှာပါ။ အရွယ်အစား ခပ်သေးသေးကျစ်ကျစ် ဖြစ်တာကြောင့် ဘယ်နေရာမဆို အိတ်ကပ်ထဲ အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။

(၃) JLab Go Air Pop

JLab Go Air Pop
Photo : Travel + Leisure

ဈေးသက်သာတဲ့ Earbuds တွေထဲကဆိုရင်တော့ JLab Go Air Pop True Wireless Bluetooth Earbud ရှိပါတယ်။ ကျစ်လစ်သေးငယ်တဲ့ ဘော်ဒီ ဒီဇိုင်း ၊ အသံကွာလတီ ရှယ်မိမိုက်ကိုမှ Bass သံကြမ်း ချက်ကလည်း လုံးဝအလန်းစားပါ။ ဈေးသင့်ပေမယ့် အသုံးပြုထားတဲ့ အသံပိုင်းဆိုင်ရာ နည်းပညာတွေက လုံးဝလျော့တွက်လို့ မရတဲ့ အကောင်သေးသေး အဆိပ်ပြင်းပြင်း Earbud တစ်ခု ဖြစ်ပါတယ်။

(၄) Skullcandy Push Active

Skullcandy Push Active
Photo : FutureFive New Zealand

Gym ကစားသူတွေ ၊ Running လုပ်သူတွေ ၊ စက်ဘီးစီးသူတွေလို Sports ချစ်သူ အားကစားသမားတွေအတွက် Skullcandy Push Active In-Ear Wireless Earbud လေးကတော့ လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။ Skullcandy Push Active က Bass သံ လုံးဝ အကြမ်းကြီးကိုမှ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ဘက်ထရီသက်တမ်း ၄၃ နာရီဝန်းကျင် အသုံးပြုလို့ရတဲ့ အမိုက်စား Earbud တစ်ခုပဲ ဖြစ်ပါတယ်။

Source : RTINGS.com

Featured Photo : TechRadar