ဘိုင်ယန်မြူးနစ်အသင်းက အူပါမီကာနိုဟာ လာမယ့်နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ၎င်းတို့ဆီကို ပြောင်းရွှေ့လာတော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို အဆုံးသတ်စေခဲ့ပါတယ်။

Photo: Daily Mail

အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ၁၈ လလောက်ကတည်းက ဥရောပရဲ့အကြီးမားဆုံးအသင်းတွေနဲ့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့တာစြဖ်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ ပြင်သစ်နောက်ခံကစားသမားကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့ပြီဖြစ်ပြီး အားကစားဒါရိုက်တာ ဆာလီဟာမစ်ဒ်ဇစ်က လိုက်ပ်ဇစ်နောက်ခံကစားသမားကို ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သတင်းကောင်းရရှိခဲ့ပြီး ဒါယော့၊ သူ့ရဲ့ အေးဂျင့်တို့နဲ့ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်မှုတွေ အများကြီးရှိလိမ့်မယ်ဆိုတာ သိခဲ့ပါတယ်။ အူပါမီကာနိုက ငယ်ရွယ်တဲ့ကစားသမားဖြစ်ပေမယ့် ပါရမီတွေ မြင့်မားစွာတိုးတက်ခဲ့ပြီးဖြစ်တဲ့သူပါ”

Photo : Bavarian Football Works

“ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်က သူ့ရဲ့ ကစားသမားဘဝနဲ့ပတ်သက်တဲ့ အမြင်တွေကို ပြသခဲ့ပြီး အဆုံးမှာတော့ ဘိုင်ယန်မြူးနစ်ဟာ မှန်ကန်တဲ့နေရာဖြစ်တယ်ဆိုတာ သူနဲ့ သူ့မိသားစု၊ ဒါရိုက်တာတွေက ယုံကြည်ခဲ့ကြပါတယ်။ အူပါမီကာနိုက ဘိုင်ယန်အတွက် နောက်ထပ် ၅ နှစ်လောက် ကစားပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။