ဘေယန်မြူးနစ် (၁) – (၀) PSG
တင်္နလာနေ့မနက် အစောပိုင်းက ယှည်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ဂျာမန်ထိပ်သီးကလပ် ဘေယန်မြူးနစ်က ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို (၁-၀) ဖြင့် အနိူင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။

Source: Goal
ဒီပွဲစဉ်မှာ ဘေယန်မြူးနစ်အသင်း ကစားပုံ ကျစ်လစ်ခဲ့လို့ ပီအက်စ်ဂျီ အသင်းဖက်ကလည်း ထိရောက်တဲ့ထိုးဖောက်မူတွေ ပြုလုပ်နိူင်ခဲ့ပါတယ်။ နေမာ၊ ဒီမာရီယာနဲ့ အန်ဘာပေးတို့ရဲ့ ကန်ချက်တွေကို ဘိုင်ယန်မြူးနစ် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဘေယန်မြူးနစ် ဗိုလ်စွဲခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ကန်ချက် တိုက်ထိထွက်ခဲ့သလို သူ့ရဲ့ခေါင်းတိုက်ချက်ကိုလည်း ကေလာနာဗက်စ် ကာကွယ်ခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက် ကစားခဲ့ကြပါတယ်။

Source: The Globe and Mail
ဘေယန်မြူးနစ်အသင်းရဲ့ တစ်လုံးတည်းသောအနိူင်ဂိုးကို ဒုတိယပိုင်း ပွဲကစားချိန် (၅၉) မိနစ်အရောက်မှာ ကင်မစ်ချ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကိုးမန်းက အပိုင်ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် (၇၁) မိနစ်မှာ မာကွင်ဟိုရဲ့ အနီးတိုင်ဘက် ကန်ချက်ကို နျူအာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ နျူအာဟာ ပထမပိုင်းတုန်းကလည်း နေမာ၊ ဘာပေတို့ရဲ့ ကန်ချက်တွေကို ကာကွယ်ပေးနိုင်ခဲ့သူပါ။

Source: Hindustan Times
ဘေယန်မြူးနစ်အသင်းဟာ (၂၀၁၂-၂၀၁၃) နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဆုကို ပထမဆုံး ပြန်လည်ရယူနိူင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ယခု ချန်ပီယံဆုဟာ ဘေယန်မြူးနစ်အတွက် သမိုင်းတလျှောက် (၆) ကြိမ်မြောက်ရယူနိုင်တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်တိုင်း အနိုင်ယူပြီး ချန်ပီယံဖြစ်လာတဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
