အားလုံးပဲ မင်္ဂလာပါ။ Kwee စာဖတ်ပရိတ်သတ်တွေထဲမှာ စကိတ်စီးရတာကို ဝါသနာပါသူတွေရှိလားခင်ဗျ။ ကိုယ်မစီးတတ်လည်း သူများစီးနေရင် ငေးကြည့်ရတာကို သဘောကျသူတွေ ပါမှာပါနော်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ စကိတ်စီးတာဟာ သပ်သပ်အချိန်ဖြုန်းနေတာ၊ အလကားပါဆိုပြီး ထင်ကောင်းထင်မိနိုင်ပေမယ့် တကယ်တမ်းသေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ သူ့မှာလည်း ကောင်းကျိုးတွေရှိနေပါတယ်။

ကဲ…ဒါဆိုရင်တော့ စကိတ်စီးရင်းက ရရှိလာနိုင်မယ့် ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းအသစ်တွေ ရလာခြင်း

Source: cialisreviewslbuycialisonlinel.com

စကိတ်စီးတဲ့အခါမှာ ကိုယ့်လိုဝါသနာတူများနဲ့ မမျှော်လင့်ဘဲ ဆုံဆည်းရာကနေ ကိုယ့်ဘဝအတွက် အဖိုးတန်တဲ့ စိတ်ကူကိုယ်တူ သူငယ်ချင်းတွေကို ရရှိလာနိုင်ပါတယ်။

၂။ လက်ရှိသူငယ်ချင်းဆက်ဆံရေးကိုလည်း ပိုမိုခိုင်မြဲစေခြင်း

Source: Foundation for Economic Education

တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီရင်းနဲ့ သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကိုလည်း ယခင်ကထက် ပိုပြီးတော့ ခိုင်မာလာစေမှာပါ။

၃။ စိတ်ရောကိုယ်ပါ ကြံ့ခိုင်လာစေခြင်း

Source: reddit.com

စကိတ်စီးတယ်ဆိုတာဟာ ကိုယ်ခန္ဓာတစ်ခုအတွက်သာမဟုတ်ဘဲ စိတ်ကိုပါ ပျော်ရွှင်စေပြီး စိတ်ညစ်စရာတွေလည်း ပျောက်ကင်းစေပါတယ်။

၎။ စိတ်ပျော်ရွှင်စေခြင်း

Source: thoughtco.com

စကိတ်စီးတာဟာ ကိုယ်ကိုယ်တိုင်စီးတဲ့အခါမှာလည်း ပျော်စရာကောင်းသလိုပဲ ကိုယ်မစီးတတ်လို့ သူများ ကျွမ်းကျွမ်းကျင်ကျင်စီးနေတာကို မြင်ရင်လည်း အလွန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။

၅။ စိတ်ဓာတ်ခိုင်မာစေခြင်း

Source: mycoastnow.com

စကိတ်စစီးတဲ့အချိန်မှာတော့ ခြေထောက်က ကျင့်သားမရသေးတာကြောင့် ခဏခဏ လဲကျနေမှာပါ။ ဒီလိုလဲကျပေမယ့်လည်း ပြန်ထပြီး ကြိုးစားရတဲ့ စိတ်ဓာတ်အလေ့အကျင့်ကို တခါတည်းမွေးမြူပြီးသားဖြစ်သွားပါတယ်။

၆။ အချိန်နေရာမရွေးပြုလုပ်နိုင်ခြင်း

Source: MilitaryNews.com

စကိတ်စီးဖို့အတွက် Gym သွားစရာမလို၊ အဝတ်အစားသပ်သပ်ဝတ်စရာမလို၊ အဖွဲ့အစည်းမလိုပါဘူး။ ကိုယ့်အနားမှာ စကိတ်ဘုတ်ပြားရှိနေရုံနဲ့ကို အချိန်နေရာမရွေး ပျော်ပျော်ကြီးစီးနိုင်မှာပါ။

Featured Image Source: Skateboard