နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးတို့သည် မျက်နှာဝိုင်းသော ယောကျာ်းများအတွက် တည်ရှိနေတာလားလို့တောင် မှတ်ယူရသည်အထိ မျက်နှာဝိုင်းတဲ့ ယောကျာ်းများနဲ့ လိုက်ဖက်ပါတယ်။

မေးရိုး၊ နဖူးပြင်၊ ပါးရိုးတို့ရဲ့ အချိုးကျကျ ဖွဲ့စည်းထားမှုကြောင့် မျက်နှာကျဝိုင်းခြင်းသည် ယောကျာ်းများနဲ့ အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။

မျက်နှကျဝိုင်းသူများသည် မေးရိုးတစ်ခုတည်းက ပေါ်လွင်ချွန်ထွက်နေတာမျိုး (သို့) နဖူးပြင်က ကျယ်ပြန့်လွန်းတာမျိုး၊ မေးရိုးကားလွန်းတာမျိုး အစရှိတဲ့ သွင်ပြင်တစ်ခုတည်းက သိသိသာသာပေါ်လွင်ထင်ရှားနေတာမျိုးမဟုတ်ဘဲ သူ့ဟာသူနဲ့သူ အချိုးအစားညီနေတာမျိုးပါ။

တကယ်လို့ သင့်ဆီမှာ မျက်နှာကျဝိုင်းတဲ့ သွင်ပြင်မျိုး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ထားတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ တစ်ခုသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ ထိုအချက်ကတော့ အခုဖော်ပြပေးမယ့် မုတ်ဆိတ်စတိုင်လ်တစ်မျိုးကို ရှောင်ကြဉ်ဖို့ပါ။

Beard Styles for Men with Oval Faces

ထိုစတိုင်လ်ကတော့ ပါးပြင်တဝိုက်မှာ ပါးသိုင်းမွှေးတွေက ရှည်လွန်းပြီး မေးစေ့မှာ မုတ်ဆိတ်မွှေး တိုနေတာမျိုးပါ။ ထိုပုံသဏ္ဍာန်က သင့်ရဲ့မျက်နှာကျကို ပုဝိုင်းဝိုင်းကြီးဖြစ်သွားစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

သတိထားရမယ့်အချက်ကို သိသွားပြီဆိုတော့ မျက်နှာကျဝိုင်းသူတွေနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစတိုင်လ်များကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပြန့်ကျဲစွာနှင့် ညီညီညာညာပေါက်နေတဲ့ စတိုင်လ်

Beard Styles for Men with Oval Faces

နှုတ်ခမ်းမွှေးက Volume နည်းနည်းထူပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးက မထူမပါးပေါက်နေတဲ့စတိုင်လ်

Beard Styles for Men with Oval Faces

စတုရန်းပုံသဏ္ဍာန် ကျကျနနပုံဖော်ထားတဲ့ Goatee နှုတ်ခမ်းမွှေးစတိုင်လ်

Beard Styles for Men with Oval Faces

ညီညီညာညာနှင့် ထူထူထဲထဲ ပေါက်နေသော မုတ်ဆိတ်မွှေး

Beard Styles for Men with Oval Faces

ဒီလိုစတိုင်လ်ထားမယ်ဆိုရင်တော့ အနည်းဆုံး တစ်လလောက် အချိန်ယူရမှာဖြစ်ပြီး ကိုယ့်ရဲ့နှုတ်ခမ်းမွှေးကို ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

Classic ဆန်တဲ့ နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးစတိုင်လ်

Beard Styles for Men with Oval Faces

နှုတ်ခမ်းမွှေးကို အပေါ်သို့ကော့ထားကာ အမိုက်စားပုံဖော်ထားတဲ့ စတိုင်လ်တစ်မျိုး

Beard Styles for Men with Oval Faces

ရော့ခ်စတားတစ်ယောက်လို ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီနှုတ်ခမ်းမွှေးစတိုင်လ်က အသင့်တော်ဆုံးပါပဲ

Beard Styles for Men with Oval Faces

မုတ်ဆိတ်မွှေး ထူထူထဲထဲနှင့် ရှည်လျားစွာ ထားချင်တဲ့ ယောကျာ်းများအတွက်

Beard Styles for Men with Oval Faces

အခုဖော်ပြသွားတဲ့ စတိုင်လ်လေးတွေကတော့ မျက်နှာကျဝိုင်းသော ယောကျာ်းများနဲ့ လိုက်ဖက်တဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးစတိုင်လ်တွေပဲဖြစ်ပါတယ်။

သင့်အနေနဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး အရှည်နှေးတယ်ဆိုရင်တော့ Goatee စတိုင်လ် နှုတ်ခမ်းမွှေးကို ရွေးချယ်နိုင်ပါတယ်။ Goatee နှုတ်ခမ်းမွှေးက သင့် မေးရိုးကို ပိုမိုပေါ်လွင်သွားစေပြီး ပိုမိုယောကျာ်းပီသတဲ့အသွင်ကို ဖန်တီးပေးပါလိမ့်မယ်။

Source: Beardresource.com

Featured Image Source: Beardresource.com