စိတ်ဖိစီးမှုဆိုတာလူတိုင်းကြုံရနိုင်ပြီး နည်းမှန်လမ်းမှန်နဲ့ မကိုင်တွယ်တက်ဘူးဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးပြဿနာတွေ ရှိလာတက်ပါတယ်။ တစ်ချို့တွေဆိုရင် စိတ်ဖိစီးမှုကို မခံနိုင်တော့လို့ လုပ်မိလုပ်ရာ လုပ်တာကြောင့် ဘဝပျက်စီးရတဲ့လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေ့တော့ အကြောင်းအမျိုးမျိုးကြောင့် ရင်ဆိုင်ရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်ဖို့ရာ နည်းလမ်းတွေမျှဝေပေးချင်ပါတယ်။

(၁) ရယ်မောပါ

 Laughing Man

Photo : Unsplash

သင့်ကို ရယ်မောပျော်ရွှင်စေမယ့် အရာတွေကိုပြုလုပ်ပါ။ ရယ်စရာဟာသဗီဒီယိုတွေကို များများကြည့်ပေးပါ။ ရယ်မောခြင်းက သင့်နှလုံး၊အဆုတ်၊ ကြွက်သားတွေကို ကောင်းမွန်စေပြီး သင့် ဦးနှောက်က ထုတ်လွှင့်လိုက်တဲ့ endorphin ကိုတိုးလာစေပါတယ်။

(၂) တရားမှတ်ပါ

Man Meditating

Photo : iStock

တရားမှတ်ခြင်းက စိတ်ကိုအကောင်းဆုံးတည်ငြိမ်အေးချမ်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြန့်လွင့်နေတဲ့ စိတ်အာရုံတွေကိုပြန်လည်စုစည်းပြီး မကောင်းတဲ့အတွေးတွေ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်တာကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်ပုံမှန် တရားမှတ်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

man doing exercise

Photo : Freepik

နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက အကျိုးများစွာရှိပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့လူတွေဟာ မလုပ်တဲ့လူတွေထက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု လျှော့ကျတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

(၄) သီချင်းနားထောင်ပါ

Man Listening To Music

Photo : Unsplash

သီချင်းက သင့်စိတ်ကိုအေးချမ်းစေပြီး သောကအမောတွေပြေပျောက်စေမှာပါ။ သီချင်းနားထောင်ပေးတာက စိတ်ဖိစီးမှုကို ပျောက်သွားစေတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂီတဆိုတာ ဆေးတစ်ခွက်ပါလို့လည်း ပြောကြပါတယ်။

Featured Photo : GQ España