ယူႏုိ္က္တက္အသင္းရဲ႕ ဂႏၱဝင္ ေက်ာနံပါတ္ (၇) ပိုင္ရွင္ ေဒးဗစ္ဘက္ခမ္းက သူ႔အေနနဲ႔ (၁၉၉၈) ကမာၻ႕ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနား အသင္းရဲ႕ ကစားသမား ဒီေယဂို ဆီျမြန္နီ (လက္ရွိ အက္သလက္တီကို နည္းျပ) နဲ႔ ရင္ဆုိင္ေတြ႔ခဲ့ၿပီး အနီကတ္ ျပသထုတ္ပယ္ခံရတ့ဲ ပြဲေနာက္ပိုင္း ယူႏိုက္တက္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္ေတြမွာ ေလွာင္ေျပာင္ေဝဖန္မႈေတြနဲ႔ ရင္ဆုိင္ခ့ဲရတ့ဲ အေၾကာင္းကို ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ အဆုိပါ ရံႈးထြက္အဆင့္ ပြဲစဥ္မွာ အဂၤလန္လက္ေရြးစင္အသင္းကလည္း ေဒးဗစ္ဘက္ခမ္းရဲ႕ အနီကတ္နဲ႔အတူ ျပင္သစ္ေျမမွာ အာဂ်င္တီးနားအသင္းကို ရံႈးနိမ့္ၿပီး အိမ္ျပန္ခ့ဲရပါတယ္။

Photo Credit : nypost.com

ဒါေပမယ့္ ဘက္ခမ္းဟာ ယူႏုိက္တက္အသင္းနဲ႔ ေနာက္တစ္ရာသီမွာပဲ ပရီးမီးယားလိဂ္ ၊ FA ဖလား နဲ႔ ခ်န္ပီယံလိဂ္ဖလားတုိ႔ကို ရယူကာ သမုိင္းဝင္ ဆုဖလား (၃) လံုး ေအာင္ျမင္မႈကို ရယူႏုိင္ခ့ဲၿပီး လက္ရွိ အခ်ိန္မွာေတာ့ အသက္ (၄၄) ႏွစ္အရြယ္ ေဒးဗစ္ဘက္ခမ္းက သူ ရင္ဆုိင္ႀကံဳေတြ႔ခဲ့ရတ့ဲ ေလွာင္ေျပာင္ေဝဖန္မႈမ်ားကို ျပန္ေျပာင္းေျပာျပလာခ့ဲတာလည္း ျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္းက “(၁၉၉၉) ခုႏွစ္ ေဘာလံုးရာသီက ကြ်န္ေတာ့္ အသင္းအတြက္ ၊ ကြ်န္ေတာ့္ တစ္ေယာက္တည္း အတြက္ စပါယ္ရွယ္ ျဖစ္ခ့ဲတ့ဲ ရာသီပါပဲ။ ဒါေပမယ့္ ကြ်န္ေတာ့္အတြက္ေရာ ကြ်န္ေတာ့္ မိသားစုအတြက္ေရာ စိတ္ခံစားခ်က္ ျပင္းထန္တ့ဲ ေဘာလံုးရာသီတစ္ခုျဖစ္ခ့ဲတာပါ။ ကမာၻ႕ဖလားမွာ အနီကတ္နဲ႔ ထုတ္ပယ္ခံရၿပီးေနာက္ပုိင္း ကစားခ့ဲတ့ဲ အေဝးကြင္း ပဲြစဥ္ေတြမွာ ကြ်န္ေတာ့္ဘဝမွာ မႀကံဳခ့ဲရဖူးတ့ဲ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆုိင္ခ့ဲရပါတယ္။”

Photo Credit : pepperrr.net

“ဒါေပမယ့္ အိမ္ကြင္း အိုးထရက္ဖုိ႔ဒ္မွာ ကစားခ့ဲတ့ဲပြဲမွာ ကြ်န္ေတာ္ ေထာင့္ကန္ေဘာကန္ဖုိ႔ အလံတုိင္ဆီ လမ္းေလွ်ာက္လာတိုင္း လူတုိင္းက မတ္တပ္ရပ္ၿပီး ကြ်န္ေတာ့္နာမည္ကုိ သီခ်င္းလုပ္ဆုိရင္း လက္ခုပ္တီးေပးၾကပါတယ္။ အေဝးကြင္းမွာေတာ့ ကြဲျပားျခားနားပါတယ္။ အ့ဲဒီလုိရာသီမ်ိဳးမွာ ဆုဖလား (၃) လံုး ရယူႏုိင္ခ့ဲတာက အရမ္းကို ႀကီးက်ယ္ခမ္းနားတ့ဲ ဆုလာဘ္တစ္ခုလုိ ခံစားရပါတယ္။ ေဝဖန္မႈေတြက ေနာက္ရာသီေတြမွာလည္း ဆက္ရွိေနခ့ဲေပမယ့္ ေအာင္ျမင္မႈေတြ နဲ႔ အဆံုးသတ္ႏိုင္ခဲ့တာေၾကာင့္ အမ်ားႀကီး အဓိပၸါယ္ရွိခ့ဲပါတယ္။” ဟု ဖြင့္ဟ ေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

Photo Credit : Sky Sports

ယူႏုိက္တက္အသင္းဟာ (၁၉၉၉) ခုႏွစ္ ေမလ (၁၆) ရက္ေန႔မွာ စပါးအသင္းကို ၂-၁ ဂုိးနဲ႔ အႏုိင္ရရွိခ့ဲၿပီး အဆုိပါ ပြဲမွာ သြင္းယူခ့ဲတ့ဲ ေဒးဗစ္ဘက္ခမ္းရဲ႕ အႏုိင္ဂုိးဟာ အဓိက ၿပိဳင္ဘက္ အာဆင္နယ္အသင္းကုိ (၁) မွတ္အသာ နဲ႔ ဦးေဆာင္ရင္း အမွတ္ေပးခ်န္ပီယံဆုကို ရရွိေစခ့ဲပါတယ္။ အ့ဲဒီေနာက္မွာေတာ့ ယူႏုိက္တက္အသင္းဟာ FA ဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္အသင္းကို အႏုိင္ရရွိခ့ဲၿပီး FA ဖလားကို ရယူႏုိင္ခ့ဲသလို ႏူးကမ့္ကြင္းမွာ ကစားခ့ဲတ့ဲ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာလည္း ဘုိင္ယန္ျမဴးနစ္ အသင္းကို ၂-၁ ဂုိးနဲ႔ အႏုိင္ရရွိကာ အခုလိုပဲ ရာသီတစ္ေလွ်ာက္လံုး ေဝဖန္မႈေတြ ခံေနရတ့ဲ ေဒးဗစ္ဘက္ခမ္းတစ္ေယာက္ ရာသီၿပီးဆံုးခ်ိန္မွာေတာ့ ဆုဖလား (၃) လံုးနဲ႔ ေအာင္ပြဲခံႏုိင္ခ့ဲတာလည္း ျဖစ္ပါတယ္။

(Unicode)

ယူနို်က်တက်အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် (၇) ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက သူ့အနေနဲ့ (၁၉၉၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းရဲ့ ကစားသမား ဒီယေဂို ဆီမြွန်နီ (လက်ရှိ အက်သလက်တီကို နည်းပြ) နဲ့ ရင်ဆိုင်တွေ့ခဲ့ပြီး အနီကတ် ပြသထုတ်ပယ်ခံရတဲ့ ပွဲနောက်ပိုင်း ယူနိုက်တက် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ လှောင်ပြောင် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ရှုံးထွက် အဆင့် ပွဲစဉ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းကလည်း ဒေးဗစ်ဘက်ခမ်းရဲ့ အနီကတ် နဲ့အတူ ပြင်သစ်မြေမှာ အာဂျင်တီးနား အသင်းကို ရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit : nypost.com

ဒါပေမယ့် ဘက်ခမ်းဟာ ယူနိုက်တက်အသင်းနဲ့ နောက်တစ်ရာသီမှာပဲ ပရီးမီးယားလိဂ် ၊ FA ဖလား နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူကာ သမိုင်းဝင် ဆုဖလား (၃) လုံး အောင်မြင်မှုကို ရယူနိုင်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ အသက် (၄၄) နှစ် အရွယ် ဒေးဗစ်ဘက်ခမ်းက သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လှောင်ပြောင်ဝေဖန်မှုများကို ပြန်ပြောင်းပြောပြလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းက “(၁၉၉၉) ခုနှစ် ဘောလုံးရာသီက ကျွန်တော့် အသင်းအတွက် ၊ ကျွန်တော့် တစ်ယောက်တည်း အတွက် စပါယ်ရှယ် ဖြစ်ခဲ့တဲ့ ရာသီပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်ရော ကျွန်တော့် မိသားစုအတွက်ရော စိတ်ခံစားချက် ပြင်းထန်တဲ့ ဘောလုံး ရာသီ တစ်ခုဖြစ်ခဲ့တာပါ။ ကမ္ဘာ့ဖလားမှာ အနီကတ် နဲ့ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်တွေမှာ ကျွန်တော့်ဘဝမှာ မကြံုခဲ့ရဖူးတဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။”

Photo Credit : pepperrr.net

“ဒါပေမယ့် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာ ကျွန်တော် ထောင့်ကန်ဘောကန်ဖို့ အလံတိုင်ဆီ လမ်းလျှောက်လာတိုင်း လူတိုင်းက မတ်တပ်ရပ်ပြီး ကျွန်တော့်နာမည်ကို သီချင်းလုပ်ဆိုရင်း လက်ခုပ်တီးပေးကြပါတယ်။ အဝေးကွင်းမှာတော့ ကွဲပြားခြားနားပါတယ်။ အဲ့ဒီလိုရာသီမျိုးမှာ ဆုဖလား (၃) လုံး ရယူနိုင်ခဲ့တာက အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ဆုလာဘ်တစ်ခုလို ခံစားရပါတယ်။ ဝေဖန်မှုတွေက နောက်ရာသီတွေမှာလည်း ဆက်ရှိနေခဲ့ပေမယ့် အောင်မြင်မှုတွေ နဲ့ အဆုံးသတ် နိုင်ခဲ့တာကြောင့် အများကြီး အဓိပ္ပါယ်ရှိခဲ့ပါတယ်။” ဟု ဖွင့်ဟ ပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ (၁၉၉၉) ခုနှစ် မေလ (၁၆) ရက်နေ့မှာ စပါးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲမှာ သွင်းယူခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အနိုင်ဂိုးဟာ အဓိက ပြိုင်ဘက် အာဆင်နယ်အသင်းကို (၁) မှတ်အသာ နဲ့ ဦးဆောင်ရင်း အမှတ်ပေးချန်ပီယံဆုကို ရရှိစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ပြီး FA ဖလားကို ရယူနိုင်ခဲ့သလို နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်မြူးနစ် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ အခုလိုပဲ ရာသီတစ်လျှောက်လုံး ဝေဖန်မှုတွေ ခံနေရတဲ့ ဒေးဗစ်ဘက်ခမ်းတစ်ယောက် ရာသီပြီးဆုံးချိန်မှာတော့ ဆုဖလား(၃) လုံး နဲ့ အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။