စပိန်ထိပ်သီးကလပ် ရီးလ်ရဲဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား အများအပြား ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ အဆိုပါ ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ Bale နဲ့ James Rodriguez တို့လည်း ပါဝင်နေပါတယ်။

မေဂျာလိဂ် ကလပ်အသင်းတခုဖြစ်တဲ့ Inter Miami အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ David Beckhamဟာ James Rodriguez ကိုခေါ်ယူနိူင်ဖို့အတွက် ရီးလ်ရဲအသင်းဥက္ကဌဖြစ်သူ Florentino Perez နဲ့ဆွေးနွေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source: RantHQ

Beckham ဟာ (၂၀၀၃) ခုနှစ်တွင် မန်ယူကနေ ရီးလ်ရဲကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းဥက္ကဌ Perez နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိသူဖြစ်တာကြောင့် Rodriguez ခေါ်ယူနိူင်ဖို့ အလားအလာ ရှိနေပါတယ်။ Rodriguez ဟာနည်းပြဇီဒန်းအောက်မှာ ခြေစွမ်းမပြနိူင်တာကြောင့် ဘေယန်အသင်းထံ အဌားဖြင့် သွားရောက်ကစားနေရတဲ့သူပါ။

Source: Major League Soccer

အဆိုပါအသက် (၂၈) နှစ်အရွယ် ကိုလံဘီယာကစားသမားဟာ ရီးလ်ရဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် ထိပ်တန်းကစားသမားအဖြစ် ရှိနေဆဲပဲလို့ Beckham က သတင်းထောက်တွေကို ပြေားထားဖူးပါတယ်။

Rodriguez နဲ့ရီးလ်ရဲ အသင်းကြား ချုပ်ဆိုတားတဲ့ စာချုပ်ဟာ မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက်ကြောင့် အသင်းအနေနဲ့ ကစားသမားကို မြန်မြန်ရောင်း ထုတ်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Source: USA Today’s FTW

James Rodriguez ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူ၊ အဲဗာတန် တို့ကလည်း ပြီးခဲ့တဲ့ လတွေတုန်းက ကြိုးစားခဲ့ဖူးပါတယ်။ James အနေနဲ့ အင်္ဂလန်မြေမှာ ကစားဖို့ အိပ်မက်ကို စွန့်လွတ်ပြီး အမေရီကန်မြေမှာ အခြေချဖို့ ဖြစ်လာမလာဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။