လူတိုင်းသည် ခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ခေါင်းဆောင်ကောင်းဆိုတာကတော့ လူတိုင်းမဖြစ်နိုင်ပါဘူး။ ပိုပြီးလူသားဆန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့က ပိုခက်ခဲသွားပါတယ်။

သင်ရော ကိုယ်က ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့အခါ ခေါင်းဆောင်ဆိုတဲ့နေရာမှာပဲ ရပ်တန့်နေမှာလား။ ဒါမှမဟုတ် ပိုပြီးလူသားဆန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားမလား။

တကယ်လို့ သင့်အနေနဲ့ ပိုပြီးလူသားဆန်တဲ့ ခေါင်းဆောင်ကောင်းဖြစ်တဲ့အထိ ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာရပါမယ်။

ဦးနှောက်နဲ့ နှလုံးသားတို့ကို ပေါင်းစည်းအလုပ်လုပ်စေတယ်

Becoming a More Humane Leader

Source: News TV

ဦးနှောက်နဲ့ပဲ ဆုံးဖြတ်တဲ့အခါ ကိုယ့်ကုမ္ပဏီအတွက် အကျိုးအမြတ်များများရမှာဖြစ်ပေမယ့် ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာတော့ အတ္တကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် နှစ်ဖက် မျှတွေးကာ စဉ်းစားပေးဖို့လိုအပ်ပါတယ်။ ဦးနှောက်ရော နှလုံးသားနဲ့ပါ အလုပ်လုပ်မှ လူသားဆန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်မှာပါ။

ကိုယ့်အဖွဲ့သားတစ်ယောက်စီရဲ့ တိုးတက်မှုကို အာရုံစိုက်တယ်

ကိုယ့်အသင်းအဖွဲ့ထဲရှိ အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ အားသာချက် အားနည်းချက်များကို အသေးစိတ်သိရှိနားလည်ပြီး သူတို့ရဲ့အားနည်းချက်အတွက် ဘယ်လိုဖြည့်ဆည်းပေးရမလဲ၊ ဘယ်လိုတိုးတက်အောင် လုပ်ပေးရမလဲဆိုတာကို အမြဲတမ်း တွေးတောကြံဆပေးနေသူတစ်ယောက်သည် လူသားဆန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

ကိုယ့်အဖွဲ့သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများကို နားလည်ပေးတယ်

Becoming a More Humane Leader

အလုပ်တစ်ခု၊ ပရောဂျက်တစ်ခု လုပ်ဆောင်တဲ့အခါ ကိုယ့်အဖွဲ့သားတွေသည် ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့နေရသလဲဆိုတာကို မျက်စိရှင်ရှင်ထားကြည့်လေ့ရှိကြပါတယ်။ သူတို့လိုအပ်တဲ့ အကူအညီများအတွက် လက်ကမ်းပေးဖို့လည်း ဝန်မလေးကြပါဘူး။ ကိုယ်ချင်းစာစိတ်အပြည့်ထားပြီး ကိုယ်တတ်နိုင်တဲ့ဘက်က တတ်စွမ်းသလောက် ကူညီပေးကြပါတယ်။

မတူညီတဲ့ ယဉ်ကျေးမှုအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားတယ်

Becoming a More Humane Leader

Source: Toptal

အောင်မြင်တဲ့အသင်းအဖွဲ့တစ်ခုမှာ အဖွဲ့သား အများအပြား ပါဝင်ပြီး ထိုအဖွဲ့သားတစ်ယောက်ချင်းစီမျာ မတူညီကြတဲ့ စိတ်နေစိတ်ထား၊ နောက်ခံ မိသားစု ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ယုံကြည်မှုများ အသီးသီးရှိကြပါတယ်။ ထိုမတူညီတဲ့အရာများနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုကို လေးစားလေ့ရှိကြပါတယ်။

ပွင့်ပွင့်လင်းလင်းရှိကြတယ်

Becoming a More Humane Leader

Source: Potentialproject

ကိုယ့်အဖွဲ့ထဲက တစ်ယောက်ယောက်က မတော်တဆခြေချော်လက်ချော်ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုး ပြုမူတဲ့အခါ နှစ်ကိုယ်ကြား တီးတိုးတိုင်ပင်ကာ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးလေ့ရှိကြပါတယ်။ ဒါမှ ကိုယ့်အဖွဲ့သားတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲများကို သိရှိနားလည်ပြီး သူ ဘာ့ကြောင့် ထိုကဲ့သို့ ပြုမူနေသလဲဆိုတာကို သိရှိမှာဖြစ်ပါတယ်။ လူသားဆန်သော ခေါင်းဆောင်ကောင်းတို့သည် ပွင့်ပွင့်လင်းလင်းရှိကြပြီး အခြားသူအပေါ်လည်း အငြိုးအတေး မထားတတ်ကြပါဘူး။

Source: Hbr.org

Featured Image Source: TrainingZone