ကမ္ဘာတစ်ဝှမ်းကလူတွေဟာ ဘီယာကိုသောက်သုံးလာခဲ့ကြတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ဘီယာအများစုမှာ အဲလ်ကိုဟော (၄-၆) ရာခိုင်နှုန်းအထိပါဝင်နေပြီး လေ့လာမှုတွေအရ သင့်တင့်မျှတစွာ သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘီယာသောက်ခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

နှလုံးအတွက်ကောင်းတယ်

Source: Healthline

လေ့လာမှုတွေအရ ဘီယာကို မျှတစွာသောက်ပေးပါက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ ဆိုထားပါတယ်။ ဘီယာမှာ သွေးကြောတွေကို သန့်ရှင်းစေတဲ့ သွေးခဲခြင်းဆန့်ကျင်တဲ့ အကျိုးအာနိသင်လည်း ပါဝင်ပြီး နှလုံးကို ကျန်းမာသန့်ရှင်းစေနိုင်ပါတယ်။

ကင်ဆာဖြစ်ခြင်းကို လျှော့ကျစေတယ်

Source: MD Linx

ဘီယာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ Xanthohumol ဓာတ်ပေါင်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဘီယာမှာ polyphenols ဓာတ်ပေါင်းကြွယ်ဝတာကြောင့် ကင်ဆာကို ကာကွယ်ပေးပြီး တိုက်ထုတ်ပေးဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

ကျောက်ကပ်ကျန်းမာရေး အားကောင်းစေတယ်

Source: NBC News

သည်းခြေအိတ်ထဲမှာ ဒါမှမဟုတ် ကျောက်ကပ်ထဲမှာ ဆားဓာတ်တွေ စုစည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အစိုင်အခဲ သေးသေးလေးတွေကို ဆီးကျောက်လို့ခေါ်ပါတယ်။ အဲဒီကျောက်တုံးလေးတွေဟာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ကျောက်တုံးလေးတွေပါ။ ဒါပေမဲ့ ဘီယာကို အတိုင်းအထွာနဲ့ သောက်သုံးပေးခြင်းက ဆီးကျောက်တွေကို ကြေစေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ မိမိရဲ့ ကျောက်ကပ်နဲ့ သည်းခြေအိတ်အနေအထားကို ဆရာဝန်နဲ့သေချာပြသ တိုင်ပင်ပြီးမှ သောက်သုံးပေးပါ။

ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေတယ်

Source: Evening Standard

ကျွန်တော်တို့ အသက်တွေ ကြီးလာလေလေ၊ ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ တုံ့ပြန်မှုတွေ နှေးကွေးလာလေလေဆိုတာတော့ အမှန်ပါပဲ။ အသက်ကြီးလာပြီဆိုရင် ငယ်ငယ်ကလောက် မှတ်ဉာဏ်မကောင်းတော့သလို ငယ်ငယ်ကလောက်လည်း ဖြတ်ထိုးဉာဏ်မကောင်းတော့ပါဘူး။ ဒါပေမဲ့ ဘီယာကို ပမာဏနည်းနည်းနဲ့ ပုံမှန်သောက်ပေးမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးအခြေအနေကို ထိန်းသိမ်းပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂါလိုမျိုး မှတ်ဉာဏ်အားနည်းတဲ့ ရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။