ချစ်သူနှစ်ယောက်ကြားမှာတချို့သော အသေးအမွှားကိစ္စလေးတွေက တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ သာမာန် ပေါ့ပေါ့ပါးပါး ကိစ္စလေးတွေလိုထင်ထားပေမယ့် တစ်ဖက်လူမှာတော့ ခံစားချက်တွေဖြစ်စေတက်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ချစ်သူရည်းစား ဆက်ဆံရေး Relationship အကြုံပြုချက်အနေနဲ့ ဘယ်လို အပြုအမူ (Behavior) တွေက ကွီး ချစ်သူက ကွီးကိုစိတ်ကုန်သွားစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) သူမဘက်ကအမြဲစဆက်သွယ်နေရတဲ့အခါ
Source : Envato Elements
ဖုန်းခေါ်တာ မက်ဆေ့ပို့တာတွေကို သူမဘက်ကပဲ လုပ်နေရမယ်ဆိုရင် သူမအနေနဲ့ အချိန်ကြာလာတာနဲ့ စိတ်ကုန်သွားစေနိုင်ပါတယ်။ သူမစိတ်ထဲမှာ သူမဘက်စပြီး မဆက်သွယ်ရင် ပြတ်တောက်သွားမယ့် အချစ်ရေးတစ်ခုလို့ ထင်မှတ်သွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်အနေနဲ့လည်း သတိရရင် ဖုန်းခေါ်တာ စာပို့တာတွေကို မဖြစ်မနေလုပ်သင့်ပါတယ်။
(၂) အမှတ်တရနေ့တွေ အလေးမထားတဲ့အခါ

Source : Valenti Matchmaking
ချစ်သူနှစ်ဦးကြားက အမှတ်တရနေ့တွေက တန်ဖိုးထားသင့်တဲ့နေ့ရက်လေးတွေပါပဲ။ တစ်ခါတစ်လေ အလုပ်ရှုပ်နေတဲ့အခါမျိုးမှာ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်နေ့တွေကိုမေ့တက်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ဒါကအမြဲတမ်းတော့မကောင်းပါဘူး။ နှစ်ပတ်လည်နေ့တွေတိုင်း မေ့လျော့နေမယ်ဆိုရင် သူမကိုတန်ဖိုးမထားဘူး အလေးမထားဘူးဆိုတဲ့ စိတ်ဝင်သွားနိုင်ပါတယ်။
(၃) အတူရှိနေစဉ်မှာ အာရုံမစိုက်တဲ့အခါ

Source : Today Show
ချစ်သူနှစ်ဦးဒိတ်လုပ်ကြတဲ့အခါ ဖြစ်နိုင်ရင်ကိုယ့်ချစ်သူအပေါ်ကိုပဲ အပြည့်အဝအာရုံစိုက်ပြီး အချိန်ပေးသင့်ပါတယ်။ ကိုယ်အနေနဲ့ ဖုန်းသုံးနေတာမျိုး ဂိမ်းဆော့နေတာမျိုး အလုပ်တွေလုပ်နေတာမျိုး စတဲ့အရာတွေက ချစ်သူနှစ်ဦးဒိတ်လုပ်နေချိန်မှာ ရှောင်ကျဉ်သင့်တဲ့အရာတွေပါ။ အတူတူရှိပေမယ့်အာရုံအစိုက်မခံရရင် သင့်ကိုစိတ်ကုန်သွားစေမှာသေချာပါတယ်။

