လူတွေဟာ အချစ်ကို တစ်နည်းနည်းနဲ့ သက်သေပြနေကြတယ်ဆိုပေမယ့် ဒီအချစ်ကို တစ်ယောက်နဲ့ တစ်ယောက် နားလည် သဘောပေါက်ပုံချင်းကတော့ တူမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ စဉ်းစားမှုပိုင်းမှာ လုံးဝကွဲပြားတာကြောင့်ပါ။ ဒါပေမယ့် တကယ်ချစ်မိတဲ့ ယောကျာင်္းတစ်ယောက်ဟာ သူ့အချစ်ကို အခုလိုဖော်ပြလေ့ရှိပါတယ်။

(၁) အလေးအနက် နားထောင်တတ်တယ်

Source: pexels

အချစ်စစ်နဲ့ ချစ်မိတဲ့ အမျိုးသားတစ်ယောက်ဆိုတာ သူချစ်တဲ့ ကောင်မလေး ပြောသမျှကို မှတ်မှတ်သားသား နားထောင်ပေးသူ ဖြစ်ပါတယ်။ သူနားထောင်တဲ့ ပုံစံကလည်း တကယ့်ကို အာရုံအပြည့်ထားပြီး မှတ်သားနားထောင်ပေးတာ ဖြစ်လို့တစ်ခါတစ်လေမှာ ကောင်မလေး ဟိုးအရင်ကတည်းက ပြောခဲ့တဲ့ စကားကို လက်တွေ့ဖြစ်အောင်လည်း အကောင်အထည်ပေးတတ်ပါတယ်။

(၂) စွန့်လွှတ်ဖို့ မကြောက်ဘူး

Source: pexels

အချစ်နဲ့ တစ်ခြားအရာတစ်ခုခု ဘယ်ဟာကို ရွေးမလဲဆိုရင် အချစ်ရှိရာဘက်ကို မျက်နှာမူတတ်သူတွေဟာ တကယ်ချစ်တဲ့သူတွေပါ။ တစ်ချို့အချိန်တွေမှာ ကိုယ်ချစ်တဲ့သူအတွက် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေပါ စွန့်လွှတ်ပြီး အချစ်ကိုသက်သေပြတတ်ပါတယ်။

(၃) ခံစားလွယ်လာတယ်

Source: pexels

ယောကျာင်္းတွေဟာ လောကဓံတွေကို အံကြိတ်ခံနိုင်ပေမယ့် ချစ်သူရဲ့ ဥပေက္ခာမှာတော့ မျက်ရည်ဝဲပြီး ကျရှုံးတတ်ပါတယ်။ လူဟာ အချစ်နဲ့ ထိတွေ့လာပြီဆိုရင် မိုးနူးတဲ့ မြေလို ပျော့ပျောင်းနူးညံ့လွယ်လာပါတယ်။ အချစ်ရေးဟာ နှလုံးသားသက်သက်ဖြစ်လေတော့ သူတို့မှာ ဆင်ခြေတွေ ယုတ္တိယုတ္တာတွေနဲ့ ခံစားချက်ကို ကာကွယ် လိမ်ညာလို့မရတော့ပါဘူး။

(၄) အဆိုးဆုံးအချိန်တွေမှာတောင် ချစ်နေတုန်းပဲ

Source: pexels

ပထမဆုံးချစ်သူဖြစ်တဲ့နေ့ကို မှတ်မိသေးလား။ တကယ်ချစ်မိတဲ့ သူဟာ နောက်ဆုံးနေ့တွေမှာလည်း အဦးဆုံးအချစ်မျိုး ခံစားလို့ ရနိုင်သေးတဲ့ သူတွေ ဖြစ်ပါတယ်။ အချိန်တွေ ကြာလေလေ ချစ်သူသက်တမ်း ရင့်လာလေလေ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လေးစားမှု ပြဖို့ ခက်လာလေလေပါပဲ။ ဒါပေမယ့် အချစ်စစ်ဟာ အချိန်နဲ့ စိတ်ဆင်းရဲစရာ ဒုက္ခသုက္ခတွေရဲ့ လျှော်ဖွပ်လို့ အရောင်မှိန်မသွားမယ့် အဝတ်တစ်စလိုပါပဲ။

(၅) အမြဲလည်း ဂုဏ်ယူတယ်

Source: pexels

ယောကျာင်္းတစ်ယောက်ဟာ ကိုယ့်ချစ်သူကို လူပုံအလည်မှာ ချီးကျူးဂုဏ်ယူတတ်သလို ကွယ်ရာမှာလည်း ဒီအချစ်ကို သူရတာဟာ ကံကောင်းလိုက်တာလို့ ခံစားပျော်ရွှင်တတ်သူ ဖြစ်ပါတယ်။

(၆) သူနဲ့အတူ ရင်ဆိုင်တယ်

Source: pexels

ပြဿနာတစ်ခုခုပဲ ကြုံကြုံ ဖြေရှင်းရခက်တဲ့ ကိစ္စတစ်ခုနဲ့ပဲတွေ့တွေ့ ချစ်သူနှစ်ဦးဟာ အတူရင်ဆိုင် ဖြေရှင်းတတ်ပါတယ်။ ယောကျာင်္းတစ်ယောက် တိုက်ခိုက်တဲ့ ဘဝတိုက်ပွဲတွေထဲမှာ အချစ်ကြောင့် တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေကလည်း ချန်ထားလို့မရပါဘူး။

(၇) သူ့အသိုင်းအဝိုင်းကို လေးစားမှုနဲ့ ဆက်ဆံတယ်

Source: pexels

အချစ်စစ်မှာ ချစ်ရုံအပြင် သစ္စာရှိမှု ၊ လေးစားမှုနဲ့ သိက္ခာထားမှုဆိုတဲ့ လူ့အရည်အချင်းကောင်းတွေ ပါဝင်ပါတယ်။ သူ့အတွက် အရေးကြီးတဲ့ ကောင်မလေးကြောင့် အဲဒီ ကောင်မလေးရဲ့ မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေဟာလည်း သူ့ရဲ့ VIP ဖြစ်လာပါတယ်။