Gentleman ဆိုတဲ့ စကားဟာ အသက်ကြီးကြီး လူကြီးတွေအတွက်ပဲ မဟုတ်ပါဘူး။ လူကြီး လူကောင်းဆန်ဆန် ပြုမူနေထိုင်မယ်ဆိုရင် Gentleman ပါပဲ။ ဒီအပြုအမူလေးတွေက သေးသေးလေးဆိုပေမယ့် တကယ်တန်းကျ ကိုယ့်ကိုတဖက်သားက အထင်ကြီး လေးစားသွားစေတဲ့အချက်လေးတွေပဲ ဖြစ်ပါတယ်။
(၁) ဦးစားပေးပါ
Source: Pixabay
တစ်ခုခု စားသောက်တဲ့အချိန်မှာ ဖြစ်ဖြစ် တစ်ခုခု ပြုလုပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ့်ဖို့ကို နောက်မှလုပ်ပါ။ ကိုယ့်ဘေးကသူကို အရင်ဦးစားပေးလိုက်တာ။ ထမင်းစားတဲ့အချိန်မှာ ဆိုရင် ဟင်းကိုခပ်ထည့်ပေးတာမျိုး၊ ထိုင်တဲ့အချိန်မှာဆိုရင် ခုံကိုဆွဲပေးတာမျိုး ပြုလုပ်ပေးလိုက်ပါ။
(၂) နားထောင်ကောင်းတဲ့သူ ဖြစ်ပါစေ
Source: Pexels
တစ်ယောက်နဲ့ တစ်ယောက်ပြောဆို ဆက်ဆံတဲ့အချိန်မှာ အပြောကောင်းတဲ့သူ ဖြစ်ဖို့ထက် နားထောင်ကောင်းတဲ့သူ တစ်ယောက် ဖြစ်နေပါစေ။ အပြောကောင်းတဲ့သူတွေကို မိန်းမတွေက ကြိုက်တတ်ကျပေမယ့် နားထောင်ကောင်းတဲ့သူဆိုရင် ပိုပြီး နှစ်ခြိုက်တတ်ပါတယ်။ မိန်းမတွေက နဂိုကတည်းက စကားများတယ်လေ။ ဒီတော့သူတို့ထက် စကားများတဲ့သူကို ကြိုက်မှာ မဟုတ်ဘူးလေ။ ဒါမယ့်သူတို့ ပြောသမျှကို စိတ်ဝင်တစား နားထောင်ပေးတဲ့သူကို သဘောမကျ နေနိုင်ပါတော့မလား။
(၃) ကတိကိုလွယ်လွယ်မပေးဘဲ ပေးထားတာကိုလည်းတည်ပါ
Source: Pexels
ကိုယ်လုပ်နိုင်မယ် မလုပ်နိုင်ဘူး မသေချာတဲ့ဘယ်အရာကိုမှ ကတိကိုလွယ်လွယ် မပေးလိုက်ပါနဲ့။ တကယ်လုပ်နိုင်မယ် သေချာတဲ့အရာကိုပဲ ကတိပေးပါ။ တကယ်လို့ ကတိပေးလိုက်ပြီးမှ မလုပ်နိုင်တော့ဘူးဆိုရင်တောင် မလုပ်နိုင် ဖြစ်သွားတဲ့အရာအတွက်ကို တစ်ဖက်သားကို သေချာ ပြန်ရှင်းပြတတ်ပါစေ။ ဒါဆိုရင်ကတိ အဖျက်ခံရတဲ့သူဘက်ကလည်း နားလည်မှု ပေးနိုင်မှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေမှာပါ။