တစ်ချို့သော အမျိုးသားတွေကို အမျိုးသမီးတွေ ရွံ့မုန်းကြပါတယ်။ တကယ်တော့ ဒါဟာ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ အပြုအမူအပြောအဆိုနဲ့သာ အများကြီး သက်ဆိုင်ပါတယ်။ တစ်ချို့ အမျိုးသားတွေရဲ့ အမူအကျင့်တွေက အမျိုးသမီးတွေကို ဝေးဝေးရှောင်ပြေးစေပါတယ်။ ဒီနေ့ kwee page က အမျိုးသမီးတွေ မကြိုက်တဲ့ အမျိုးသားတစ်ချို့ရဲ့  အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။

ကြွားဝါတက်သူ

Source: Her World

အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ ကြွားဝါတက်သူကို မနှစ်သက်ကြပါဘူး။ လူထင်ကြီးအောင် တန်ဖိုးကြီးပစ္စည်းတွေကို မြင်အောင်ပြပြီး ကြွားဝါတက်တဲ့ အမျိုးသားတွေကို သူတို့ မနှစ်သက်ကြပါဘူး။

မရိုးသားတဲ့သူ

Source: PottyPadre

လိမ်ညာပြောဆိုတက်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဝေးဝေးက ရှောင်တက်ကြပါတယ်။ အမျိုးသမီးတွေက ရိုးသားပွင့်လင်းတဲ့ သူတွေကို ပိုပြီးလိုလားကြပါတယ်။

တစ်ကိုယ်ကောင်းဆန်တာ

Source: Her way

ဘာလုပ်လုပ် ကိုယ်အတွက်ချည်းပဲ လုပ်တက်တဲ့ လူမျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ relationship တစ်ခုမှာ ကိုယ်လိုအပ်တာကိုလည်း သူ့ဆီကနေ အကူအညီတောင်းခံရတက်တာရှိသလို သူ့ရဲ့ လိုအပ်ချက်တွေကိုလည်း ကိုယ်ဖက်က ဖြည့်ဆည်းပေးရတက်တာတွေ ရှိပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်လိုချင်တာ ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။

တန်ဖိုးမထားတာ/ မှီခိုအားထားလို့မရတာ

Source: Relate

အမျိုးသမီးတွေရဲ့ ပင်ကိုယ်စရိုက်မှာ ကိုယ်ချစ်ရတဲ့သူအပေါ် မှီခိုအားထားချင်စိတ် ရှိနေတက်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အရေးပါတဲ့ နေ့ထူးနေ့ရက်တွေကို မေ့နေတာ ချစ်ရတဲ့သူရဲ့ မွေးနေ့ကို မေ့နေတာ စသဖြင့် အသေးအဖွဲ့လေးတွေကအစ မှီခိုအားထားလို့ မရဘူးဆိုရင် relationship ကအဆင်မပြေနိုင်ပါဘူး။ ဒါက သူမကို အလေးမထားတာ တန်ဖိုးမထားသလို ဖြစ်သွားစေပါတယ်။

စိတ်ကြီး ဒေါသကြီးလွန်းတဲ့ သူမျိုး

Source: Pinterest

တစ်စုံတစ်ခု ပြဿနာ ဖြစ်ရင် နည်းနည်းလေးမှကို နားလည်မှုမရှိဘဲ စိတ်ကြီး ဒေါသကြီးလွန်းတဲ့ အမျိုးသားများကိုတော့ အမျိုးသမီးတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ထိုသူများကို အပေါင်းအသင်းထဲမှာ ရှိရင်တောင်သိပ်ပြီး အဖက်မလုပ်တတ် ကြတော့ပါဘူး။