ခိုင်မြဲတဲ့ တွဲလက်တွေ ဖြစ်ဖို့ဆိုတာ တစ်ယောက်ကို တစ်ယောက် ချစ်နေဖို့တင် မလုံလောက်ပါဘူး။ တစ်ယောက်ကို တစ်ယောက် ပိုပြီး နီးစပ်နားလည်မှု ရှိစေမယ့် အပြုအမူလေးတွေလည်း လုပ်ပေးဖို့ လိုပါတယ်။ ဒီတစ်ခါမှာတော့ Relationship တစ်ခုကို ပျက်စီးတဲ့အထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ အပြုအမူတစ်ချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Single တစ်ယောက်လို နေခြင်း

Photo: aconsciousrethink

ကိုယ့်မှာ ချစ်သူရှိပါလျက်နဲ့ လူလွတ်တစ်ယောက်လို နေတတ်တာမျိုးပါ။ အဲဒီလို နေရင် မကြာခင် တကယ် Single ဖြစ််သွားနိုင်ပါတယ်။

(၂) ကိုယ့်အတွက်ကိုယ်ပဲ ငွေသုံးခြင်း

Photo: verywellmind

အတူတူချိန်းတွေ့နေချိန်မှာ ကိုယ်စားသောက်တာအတွက်ပဲ ကိုယ်ရှင်းတာတို့ ၊ ရုပ်ရှင်လက်မှတ်ဖိုးကို ကောင်မလေးဆီက ပြန်တောင်းတာတို့ လုပ်တတ်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ ရည်းစားထားရင် အဲ့သလောက်တော့လည်း ကပ်စေနည်းလို့ မရပါဘူး။

(၃) ကောင်မလေးလုပ်တဲ့ အလုပ်တွေကို စိတ်ဝင်စားမှု မရှိခြင်း

Photo: huffingtonpost

သူများရဲ့ အကြိုက်ကို ထည့်မတွက်တတ်ခြင်းမျိုး ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ့်ကောင်မလေး လုပ်တာအားလုံး စိတ်ဝင်စားဖို့ မလိုပေမယ့် အချစ်ရေးမှာ ပိုခိုင်မြဲဖို့ သူမနဲ့ သူမရဲ့ ဝါသနာတွေပေါ်လည်း စိတ်ဝင်စားဖို့တော့ လိုမှာပါ။

(၄) အကဲပိုလွန်းခြင်း

Photo: Business Insider

တစ်ခုခုဆိုရင် Sensitive ဖြစ်လွန်းတဲ့ ဆတ်ဆတ်ကြဲဖြစ်နေတာ ၊ သဝန်ကြောင်လွန်းတာမျိုးပါ။ ဒါမျိုးက ကိုယ့်ချစ်သူကို စိတ်ပင်ပန်းစေပြီး ကိုယ့်ကို စိတ်ကုန်သွားစေတဲ့အထိ ဖြစ်နိုင်ပါတယ်။

(၅) ကိုယ့်ချစ်သူကို လှောင်ပြောင်ခြင်း

Photo: irishnews

တစ်ဖက်လူကို ကိုယ်က ရယ်စရာလိုမျိုး ပြောပေမယ့် သိက္ခာချလိုက်သလို ဖြစ်စေတဲ့ လှောင်ပြောင်မှုမျိုးပါ။ သမီးရည်းစားစုံတွဲတွေမှာ မဟုတ်ပါဘူး။ လူတွေထဲမှာလည်း လေးစားမှုမပါတဲ့ ဆက်ဆံရေးက ခဏလေးနဲ့ ပျက်စီးစေနိုင်ပါတယ်။