Benedict Cumberbatch သည် Sherlock Holmes ဇာတ်လမ်းတွဲဖြင့်လည်း လူသိများသလို MCU ဇာတ်ကား များရဲ့ Doctor Strange အဖြစ်လည်း လူသိများသူတစ်ယောက်ဖြစ်ပါတယ်။

သူသည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က အင်္ဂလန်တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူသည် ၂၀၀၅ ခုနှစ်က အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် ယခုဆိုလျှင် အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်လက် ဖြစ်နေရတာပါ။

Benedict Cumberbatch ဇာတ်ကား

Photo: Pinkvilla

Benedict Cumberbatch ရိုက်ကူးထားတဲ့ ဇာတ်ကား ကောင်းများ အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနှင့် နာမည်အကြီးဆုံး ဇာတ်ကားများအကြောင်း တင်ဆက်ပေးချင်ပါတယ်။ တချို့ဇာတ်ကားတွေကိုလည်း ရုပ်ရှင်ချစ်သူတို့ ကြည့်ပြီးသားဖြစ်မှာပါ။

Black Mass

Photo: Warner Bros. Pictures

ဒီဇာတ်ကားလေးကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဆိုလည်း မမှားပါဘူး။ FBI သူလျှိုနှင့် အပေးအယူလုပ်ရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထိုသရုပ်ဆောင်မင်းသားသည် အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် Boston လေယူလေသိမ်းကို ပီပီသသကြီး ပြောဆိုနိုင်တာကလည်း အံ့အားသင့်စရာပါပဲ။

The Mauritanian

Photo: STXfilms

ဒီဇာတ်ကားကတော့ 9/11 အကြမ်းဖက်တိုက်ခံမှုဖြစ်ပွားပြီးနောက် နောက်ဆက်တွဲအကြောင်းအရာများကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Mohamedou Ould Salahi ရဲ့ ဖြစ်ရပ်မှန် ဖြစ်ရပ်ကို အခြေတည်ကာ ရိုက်ကူးထားတာဖြစ်ပြီး Cumberbatch ကတော့ အမှုစစ်အနေနဲ့ သရုပ်ဆောင်ထားရတာဖြစ်ပါတယ်။ ဒီဇာတ်ကားသည်လည်း အဓိပ္ပာယ်ပြည့်စုံပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Star Trek Into Darkness

Photo: Movieclips Trailers

သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားများကို ကြိုက်နှစ်သက်သူများအနေနဲ့ Star Trek Into Darkness ဆိုတဲ့ ဇာတ်ကားလေးကိုလည်း လက်မလွတ်တမ်းကြည့်ရှုသင့်ပါတယ်။

အာကာသာယာဉ်မှူးများသည် အာကာသထဲရှိ တားမြစ်ထားတဲ့ ဇုန်တစ်ခုဆီသို့ မျိုးတုန်းပျောက်ကွယ်တော့မယ့် မျိုးစိတ်များကို ကယ်ဆယ်ဖို့ရန်အတွက် စေလွှတ်ခြင်းခံခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဖြစ်ရပ်ဆိုးတွေ ရင်ဆိုင်ရမလဲ။

Star Trek Into Darkness ကြည့်ရင်း အဖြေရှာနိုင်ပါတယ်။

Doctor Strange

Photo: Marvel Entertainment

ဒီဇာတ်ကားလေးကတော့ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်များအားလုံးလည်း Doctor Strange ဆိုတာနဲ့ ညွှန်းစရာမလိုလောက်အောင် အားလုံးပဲ ကြည့်ပြီးသားဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

မကြည့်ရသေးတဲ့သူတေါလည်း ဒီကားလေးကို မဖြစ်မနေကြည့်သင့်ကြောင်း အကြံပေးချင်ပါတယ်။ အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ ခွဲစိတ်ပေးမယ့် လက်တစ်စုံကို ယာဉ်မတော်တဆဖြစ်ပြီးတဲ့နောက် ဆုံးရှုံးလိုက်ရတဲ့အခါ Strange အနေနဲ့ ဘယ်လိုဆက်လုပ်သလဲဆိုတာကို ရင်သပ်ရှုမောစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Atonement

Photo: Screen Bites

၂၀၀၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး စစ်ပွဲအကြား အချစ်တစ်ခု ပေါက်ဖွားလာတဲ့ပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ Cumberbatch တစ်ယောက် Sherlock အဖြစ် နာမည်မကြီးလာခင်မှာ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Tinker Tailor Soldier Spy

Photo: tinkertrailermovie

ဒီဇာတ်ကားလေးကတော့ စစ်အေးကာလကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး စပိုင်ဇာတ်ကားပုံစံမျိုးဖြစ်ပါတယ်။ နှစ်ဖက်ချွန်စပိုင်တစ်ယောက်အနေနဲ့ ဘယ်လောက်တောင် သက်စွန့်ဆံဖျားလုပ်ကိုင်နေရသလဲဆိုတာကို ဒီဇာတ်ကားကနေတဆင့် တွေ့မြင်နိုင်ပါတယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရတဲ့ဇာတ်ကားမျိုးကို လိုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။

Avengers: Infinity War

Photo: Marvel Entertainment

MCU ပရိသတ်များအနေနဲ့ Infinity War ကို ကြည့်ပြိးပြီလားလို့တောင် မေးစရာလိုမယ်မထင်ပါဘူး။

မကြည့်ရသေးတဲ့ ရုပ်ရှင်ချစ်သူတွေကတော့ Infinity War ကို ကြည့်ဖို့ဆိုရင် သူ့အရှေ့ပိုင်းမှာ ထွက်ရှိထားတဲ့ Iron Man ဇာတ်ကားများ၊ Doctor Strange နှင့် Guardian of The Galaxy အစရှိတဲ့ MCU ဇာတ်ကားများကို ကြည့်ပြီးသွားမှသာလျှင် Infinity War ကို ကောင်းကောင်းကြီး နားလည်မှာဖြစ်ပါတယ်။

1917

Photo: Universal Pictures

Schofield နှင့် Blake လို့ အမည်ရတဲ့ အင်္ဂလိပ်စစ်သားနှစ်ယောက်သည် အရေးကြီးသော မက်ဆေ့ချ်ကို ဗိုလ်ကြီး Mackenzie ဆီသို့ သွားပို့ရမှာဖြစ်ပါတယ်။ ထိုစာကို အချိန်မှီ ပို့နိုင်မှသာလျှင် လူပေါင်း မြောက်မြားစွာရဲ့ အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကာလကို အခြေတည်ကို ရိုက်ကူးထားပြီး ရိုက်ချက်တိုင်းကလည်း ပရိသတ်တွေကို အဆုံးထိ ဆွဲခေါ်သွားနိုင်လောက်တဲ့အထိ မိုက်ပါတယ်။

The Imitation Game

Photo: Movieclips Trailers

အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင်တစ်ယောက်သည် ဂျာမန်လျှို့ဝှက်ကုတ်ကို ဖော်ဖို့ရန်အတွက် အသည်းအသန်ကြိုးစားနေတဲ့ပုံကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကြည့်ရှုသင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။

12 Years A Slave

Photo: 20th Century Studios

ဒီဇာတ်ကားလေးသည် အမေရိကန်နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းကို သေသေချာချာသိထားမှသာလျှင် နားလည်လွယ်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ Solomon Northup ဆိုတဲ့ အာဖရိကန် အမေရိကန်လူမျိုးသည် နယူးယော့ခ်မြို့တွင် မွေးဖွားပြီး ပြန်ပေးဆွဲခံရကာ ကျွန်အဖြစ် ရောင်းချခံရတာဖြစ်ပါတယ်။ နာမည်ကြီး သရုပ်ဆောင် အများအပြားပါဝင်ပြီး သူတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဇာတ်ကားများထဲက ဘယ်ဇာတ်နှကားလောက်ကို ကြည့်ပြီးပါပြီလဲ။ ကွီးတို့ အကြိုက်ဆုံး Benedict Cumberbatch ရဲ့ ဇာတ်ကား ကောင်း တစ်ကားကရော ဘယ်ဇာတ်ကားလေးဖြစ်မလဲ။

Source: Movieweb

Featured Image: Thetylt