အာရုံကြော ကျန်းမာရေးက လူတွေထင်ထားတာထက်ပိုပြီး အရေးကြီးပါတယ်။ အာရုံကြောအားနည်းတာကြောင့် ခေါင်းကိုက်တာတွေ ဖြစ်တက်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် တစ်နေကုန် အလုပ်ကို အာရုံမစိုက်နိုင်တဲ့အပြင် အိပ်လို့မရတာ စိတ်တိုလွယ်တာတွေဖြစ်တက်ပါတယ်။ ဒီနေ့တော့ kwee page ကနေ အာရုံကြောကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။

ငှက်ပျောသီး

Source: New Straits Times

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ရေဓာတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

ငါး

Source: Health Directory

Omega- 3 fatty acid ကြွယ်ဝတဲ့ ပင်လယ်ငါးတွေစားပေးရင် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ကြက်သွန်ဖြူ

Source: Mashed

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဟင်းနုနွယ်

Source: Simply Recipes

အာဟာရနဲ့ဗီတာမင် တွေကြွယ်ဝစေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆန်လုံးညို

Source: Martha Stewart

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

Featured Image Source: Crucial FOUR