ကျွန်တော်တို့အားလုံးမှာ ကိုယ်စီနှစ်သက်တဲ့ ဝါသနာလေးတွေရှိကြပါတယ်။ တချို့သောဝါသနာတွေက ပျော်ရွှင်စေတယ် ၊ တချို့ဝါသနာတွေက ကျန်းမာကြံ့ခိုင်ခြင်းကိုပေးစွမ်းတယ် ၊ တချို့ကျတော့ သင့်ဘဝကိုတိုးတက်ပြောင်းလဲအောင် ကူညီပေးနိုင်တဲ့ဝါသနာတွေလည်းရှိပါတယ်။ ဒီနေ့ပြောပြမယ့် ဝါသနာတွေက သင့်ကိုပိုကောင်းတဲ့ဘဝရဖို့ ကူညီပေးနိုင်တဲ့ အကျိုးရှိသောဝါသနာရပ်တွေပဲဖြစ်ပါတယ်။
(၁) စာဖတ်ခြင်း

Source : OTUK
သင့်ဘဝအတွက်အကျိုးဖြစ်ထွန်းစေမယ့် ဝါသနာရပ်တစ်ခုကတော့ စာဖတ်ခြင်းပါပဲ။ လေ့လာမှုများအရ စာဖတ်ခြင်းဝါသနာဟာ ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးကို ကောင်းစေတယ်လို့ဆိုထားကြပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါသေးတယ်။ စာဖတ်ခြင်းဝါသနာကို စိတ်ဝင်စားသူတွေအနေနဲ့ သုတ၊ ရသစာပေအစုံအလင် ဖတ်ဖို့အကြံပြုချင်ပါတယ်။
(၂) အပင်စိုက်ခြင်း

Source : Freepik
အပင်စိုက်ခြင်းဟာလည်း ကောင်းမွန်တဲ့ဝါသနာရပ်တစ်ခုဆိုတာ ငြင်းလို့မရနိုင်တဲ့သက်သေတွေရှိပါတယ်။ မျိုးစေတစ်ခုကနေ ရှင်သန်ကြီးထွားတဲ့အပင်တစ်ပင်ရဖို့သေချာအချိန်ယူစိုက်ပြိုးရတဲ့သစ်ပင်ပန်းပင်စိုက်ပျိုးတဲ့ဝါသနာက စွမ်းရည်တိုးတက်ခြင်း၊ စိတ်ဓာတ်ကျမှုနည်းစေခြင်း၊ကျန်းမာရေးကောင်းမွန်လာခြင်းတို့နှင့် ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေကဆိုထားပါတယ်။
(၃) ချက်ပြုတ်ခြင်း

Source : Freepik
အချက်အပြုတ်ဝါသနာကလည်း အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်တဲ့ ဝါသနာကောင်းတွေထဲကတစ်ခုအပါအဝင်ပါပဲ။ သင့်ရဲ့အချက်အပြုတ်စွမ်းရည်ကို မြှင့်တင်ခြင်းက သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုပိုမိုကောင်းစေပြီး အစီအစဥ်ချမှတ်တဲ့ စွမ်းရည်တွေကိုပါ တိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။ ဘယ်လိုအစားအစာတွေ ချက်ပြုတ်စီမံမလဲဆိုတဲ့အတွေးတွေကနေတဆင့်လည်း သင့်ရဲ့စီစဥ်လုပ်ဆောင်မှုစွမ်းရည်ကို တိုးတက်လာစေနိုင်ပါတယ်။
(၄) ပန်းချီဆွဲခြင်း

Source : Freepik
စိတ်ဖိစီးမှုများတဲ့အခါ ပုံတစ်ပုံဆွဲလိုက်တာက စိတ်ဖိစီးမှုတွေကို သက်သာစေတဲ့အံ့ဩဖွယ်နည်းလမ်းတစ်ခုဆို မမှားပါဘူး။ ဒါက သင့်ကိုယ်သင်ပြန်လှန်တွေးတောတဲ့စိတ်ကူးဝါသနာရပ်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ဖန်တီးနိုင်စွမ်းကိုဖော်ထုတ်ပေးပြီး သင့်စိတ်ခံစားမှုတွေကို စာရွက်ပေါ်မှာပုံဖော်လိုက်တာပါပဲ။ ဆွဲပြီးတဲ့အခါလည်း သင်ကိုယ်တိုင်ဆွဲထားတဲ့လက်ရာကိုရောင်းချတာ ဒါမှမဟုတ် သင့်အိပ်ခန်းနံရံမှာ ချိတ်ထားလို့ရသေးပါတယ်။
 
											
				 
									 
	 
	 
	 
	 
	 
	