ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဆိုတဲ့ စကားလေးကို အားလုံးပဲ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီစကားလေးကနေတဆင့် ရေသည် လူသားတိုင်းရဲ့ဘဝအတွက် ဘယ်လောက်ထိအရေးပါသလဲဆိုတာကို ကွက်ကွက်ကင်းကင်း မြင်ရပါလိမ့်မယ်။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်သည် ရေ ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါများသည်လည်း ရေဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဆုတ်ဆိုလျှင် ရေ ၈၅ ရာခိုင်နှုန်း၊ ကြွက်သားများနှင့် ကျောက်ကပ်ဆိုလျှင် ရေ ၇၉ ရာခိုင်နှုန်း၊ ဦးနှောက်နှင့် နှလုံးဆိုလျှင် ရေ ၇၃ ရာခိုင်နှုန်းတို့ဖြင့် ဖွဲ့စည်းထားပြီး ဦးနှောက်ကတော့ ရေ ၃၂ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

နေ့ရက်တိုင်းမှာ ရေကို လုံလောက်စွာ သောက်သုံးပါက အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိပါလိမ့်မယ်။

သင့်ရဲ့မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်းတို့ မြင့်မားလာပြီး စိတ်ခံစားချက်များ ကောင်းမွန်လာခြင်း

why men should drink enough water

ရေဓာတ်ပြည့်ဝခြင်း၊ ခမ်းခြောက်ခြင်းသည် သင့်ဦးနှောက်အပေါ် များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ရေဓာတ်နည်းနည်းလေး ခမ်းခြောက်သွားတယ်ဆိုရင်တောင်မှ ခေါင်းမူး ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပြီး ဦးနှောက်စွမ်းဆောင်ရည်သည်လည်း ကျဆင်းသွားပါလိမ့်မယ။် ဒါ့ကြောင့် ရေများများ သောက်သုံးပေးဖို့သည် အင်မတန်အရေးကြီးတာ ဖြစ်ပါတယ်။

သင့်နှလုံးသည်လည်း ကောင်းစွာ အလုပ်လုပ်လာနိုင်ခြင်း

why men should drink enough water

သင့်ခန္ဓာကိုယ်သည် ရေဓာတ်လုံလောက်စွာရရှိတဲ့အခါမှာ နှလုံးက သူ့လုပ်ဆောင်စရာရှိတဲ့အလုပ်ကို ပုံမှန်အတိုင်း လုပ်ဆောင်ပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ ရေဓာတ်နည်းပါးသွားတဲ့အခါမှာတော့ နှလုံးက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက်ကြောင့် နှလုံးခုန်နှုန်းမြန်လာခြင်း၊ သွေးပေါင်ခြင်းလျော့ကျသွားခြင်း၊ နှလုံးအမောဖောက်လာခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

why men should drink enough water

ကျောက်ကပ်သည် သွေးတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားဖို့ရန်အတွက် တာဝန်ယူထားရပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်စွာမရရှိတဲ့အခါ ထိုအညစ်အကြေးများသည် ကျောက်ကပ်တွင် စုပုံသွားပြီး ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ ခံစားရနိုင်ပါတယ်။

အရိုးအဆစ်များ နာကျင်ခြင်းမှ သက်သာစေခြင်း

why men should drink enough water

အရိုးအဆစ်များ နာကျင်ရခြင်းသည် သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေလို့ပါပဲ။ သင့်ရဲ့အရိုးအဆစ်များ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ရန်အတွက် ရေဓာတ် ၈၀ ရာခိုင်နှုန်းခန့် လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေကို လုံလောက်စွာသောက်သုံးခြင်းအားဖြင့် အရိုးအဆစ်များ လှုပ်ရှားမှု ကောင်းမွန်လာပြီး အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

Source: Brightside.me

Featured Image Source: Vecteezy.com