ယနေ့ခေတ်သည် အိုင်တီခေတ်ဖြစ်ပြီး လူတန်းစားမရွေး ဖုန်းကိုင်လာတဲ့အတွက်ကြောင့် နောက်ကျမှ အိပ်ရာဝင်လာကြပါတယ်။ အိပ်ရာဝင်နောက်ကျပြီး အိပ်ရေးမဝခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ သတိမမူမိကြပါဘူး။

သင်ရော ညတိုင်းညတိုင်း အိပ်ရေး ဝဝ အိပ်စက်ပါရဲ့လား။

လူတစ်ယောက်မှာ အိပ်စက်ချိန် ၇ နာရီမှ ၈ နာရီခန့်အထိရှိသင့်ပါတယ်။ ဒါမှ နောက်တစ်နေ့ အိပ်ရာထတဲ့အခါ စွမ်းအင်အပြည့်နဲ့ ရွှင်လန်းတက်ကြွနေမှာဖြစ်ပါတယ်။ တကယ်လို့ သင်သည် ညစဉ်ညတိုင်း အိပ်ရေးမဝဘူးဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအတွက် အားအင်ပြန်လည်ဖြည့်တင်းချိန်မရှိတေဲ့ဘဲ အရေးအကြောင်းများ၊ ဝက်ခြံများပေါက်ခြင်း၊ အသားအရေ ညစ်နွမ်းခြင်းတို့အပြင် မှတ်ဉာဏ်စွမ်းအား ကျဆင်းခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်မှာသာ လုံလောက်တဲ့အိပ်စက်ချိန်ရရှိမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါလိမ့်မယ်။

ကျန်းမာရေးကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျစ်ကျစ်လျစ်လျစ်ရှိခြင်း

benefits for men who have enough sleep

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အရေးကြီးသောအင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး အစရှိတဲ့ အင်္ဂါအစိတ်အပိုင်းလေးများ အားနည်းလာပြီး ရောဂါတွေ တစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။ ဒါပေမဲ့ သင်သည် အိပ်ရေးဝဝ အိပ်စက်အနားယူတဲ့အခါ ကိုယ်ခန္ဓာအတွက် အထူးကောင်းမွန်စေတဲ့အပြင် အဝလွန်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

benefits for men who have enough sleep

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။ သင် အိပ်ပျော်နေစဉ်မှာ တစ်နေ့တာလုံးက ပင်ပန်းထားတဲ့ ဆဲလ်များသည် ပြန်လည်အားအင်ဖြည့်တင်းပေးဖို့အချိန်ရရှိတာကြောင့် အရေးအကြာင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ညီညာပြန့်ပြားသွားစေပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။

အသားအရေ ညစ်ထေးခြင်းမှ ကင်းဝေးပြီး အသားအရေ ကြည်လင်နေခြင်း

benefits for men who have enough sleep

သင်သည် နေ့ခင်းနေ့လည် အပြင်သွားတဲ့အခါ ဖုန်မှုန့်နဲ့ အညစ်အကြေးဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်တို့ကြောင့် အသားအရေသည် ကြမ်းတမ်းပျက်စီးလာပါတယ်။ ထိုပျက်စီးကြမ်းတမ်းလာတဲ့ အသားအရေကို ဒီ့ထက်ပိုပြီး ဆိုးရွားမလာစေချင်ဘူးဆိုရင်တော့ ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်သင့်ပါတယ်။

ဝက်ခြံမပေါက်တော့ခြင်း

benefits for men who have enough sleep

ပုံမှန်အိပ်စက်နေကျအချိန်ထက် တစ်နာရီလောက်လျော့ပြီး အိပ်စက်ကြည့်လိုက်ပါ။ ဝက်ခြံတွေက သိသိသာသာထွက်လာပါလိမ့်မယ်။ အိပ်ရေးဝဝ အိပ်စက်တဲ့အခါမှာတော့ အသားအရေရောင်ရမ်းခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ဝက်ခြံပေါက်ခြင်းမှ တားဆီးပေးတာကြောင့် သင့်အသားအရေလေးက ချောမွတ်နူးညံ့လာပါလိမ့်မယ်။

Source: Medicalnewstoday.com

Featured Image Source: Thriveglobal.com