အသားအရေထိန်းသိမ်းတယ်ဆိုတာဟာ အမျိုးသမီးတွေ အတွက်လို့ပဲ ထင်ခဲ့ပေမယ့် တကယ်တော့ အမျိုးသားတွေအတွက်လည်း လိုအပ်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေလို ကိုယ့်ရဲ့ အသားအရေအတွက် အချိန်ပေးပြီး ဂရုစိုက်တာမျိုး မလုပ်ဖြစ်ကြတဲ့အတွက် အသားအရေပျက်စီးကြတဲ့သူတွေထဲမှာ အမျိုးသားတွေရဲ့ ရာခိုင်နှုန်းဟာ ပိုတောင်များပြားနေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ဓာတုပစ္စည်းတွေနဲ့အချိန်ပေးပြီး Skin care မလုပ်ချင်တဲ့ အမျိုးသားတွေအတွက် အချိန်ကုန်ငွေကုန် ကြေးကျသက်သာတဲ့ အသားအရေအတွက် အလွန်အသုံးဝင်တဲ့ သဘာဝနတ်ဆေး (သို့) ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတစ်ချို့ကို ပြောပြချင်ပါတယ်။

Source : stylecraze.com

(၁) ရှားစောင်းလက်ပတ်မှာ အသားအရေအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် A B C E တို့လည်း အစုံအလင်ပါဝင်ပါတယ်။ ဒါကြောင့်နေပူထဲသွားလာရတဲ့ အမျိုးသားတွေမှာအဖြစ်များတဲ့ နေလောင်ဒဏ်နဲ့ အမဲကွက်တွေကို လျင်မြန်စွာထိရောက်မှုရှိရှိ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

Source : tophealthjournal.com

(၂) ဒါ့အပြင် ဝက်ခြံကြောင့် မျက်နှာပေါ်က ရောင်ရမ်းမှုတွေကိုလည်း အချိန်တိုအတွင်း သက်သာစေမှာဖြစ်ပြီး ဝက်ခြံ ၊ တင်းတိတ်နဲ့ အမဲစက်တွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ဝက်ခြံကြောင့် မျက်နှာပေါ်မှာ အနီကွက်နဲ့ ရောင်ရမ်းမှုတွေ ဖြစ်နေရင်တော့ ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပြီး ရေအနည်းငယ်ထည့်ကာ ရေခဲသေတ္တာထဲ အေးခဲသွားတဲ့အထိ ထားပေးရပါမယ်။ အဆိုပါ ရှားစောင်းလက်ပတ်ရေခဲတုံးလေးနဲ့ ရောင်ရမ်းမှုတွေဖြစ်နေတဲ့နေရာတစ်ဝက် စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးမယ်ဆိုရင် ရောင်ရမ်းမှုတွေလျော့ကျစေပြီး ချော့မွတ်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source : Organic Facts

(၃) နောက်ထပ်လည်း အသားအရေမညီညာသူတွေ အသားအရေလျော့တွဲနေသူအတွက်လည်း ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်အနည်းငယ်ရောပြီး သမအောင်မွေကာ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ထို့နောက် တဘက်အပါးလေးနဲ့ မျက်နှာပေါ်အုပ်ကာ မိနစ်(၃၀) ခန့်ထားပေးရပါမယ်။ အချိန်စေ့ရင်တော့ မျက်နှာသစ်ကာ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုလိမ်းပေးရပါမယ်။ ဒီနည်းအတိုင်းတစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေတင်းတင်းရင်းရင်းနဲ့ ဖြူဝင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။