လောကမှာ အချစ်ရေး ကံကောင်းသူလည်း ရှိနိုင်သလို အချစ်ရေးကံခေသူများလည်း ရှိကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရလို့ အသည်းကွဲနေသူများလည်း ရှိနိုင်သလို အချစ်စစ်နဲ့ မတွေ့သေးလို့ ရည်းစားမထားသူများလည်း အများအပြားပါပဲ။

သင့် အနေနဲ့ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တည်းဖြစ်နေပါစေ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကတော့ ရည်းစားရှိသူများ မရရှိနိုင်ဘဲ Single တစ်ယောက်သာ ရရှိနိုင်မှာဖြစ်ပါတယ်။

ကိုယ်ပိုင်အချိန် ပိုထွက်လာခြင်း

man painting- leisure habit for men

ရည်းစားရှိသူများအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးကို အချိန်ပေးနေရချိန်မှာ Single ယောကျာ်းများအတွက်ကတော့ ကိုယ့် ကိုယ်ပိုင်အချိန်ကို လွတ်လွတ်လပ်လပ် ကုန်ဆုံးနိုင်ကြပါတယ်။ ဂိမ်းပဲ ဆော့မလား။ ရုပ်ရှင်ပဲ ကြည့်မလား၊ စာပဲ ဖတ်မလား စသည်ဖြင့် မိမိဝါသနာပါတဲ့အရာများကို အာရုံစူးစိုက်စွာ လုပ်ဆောင်နိုင်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းလာခြင်း

man thinking for solution - creative lifestyle

တစ်ယောက်တည်းအချိန်ကုန်ဆုံးရခြင်းက တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်မားစေပါတယ်။ ဒါ့အပြင် သင့်ရဲ့အလုပ်ပရောဂျက်များအတွက်လည်း ပိုမိုဖန်တီးနိုင်ပြီး လုပ်ငန်းများလည်း ပိုမိုအောင်မြင်လာပါလိမ့်မယ်။

ပိုက်ဆံပိုစုနိုင်ခြင်း

man saving coins in piggy bank - single lifestyle

ချစ်သူရည်းစားရှိတဲ့ ယောကျာ်းများအတွက် ချစ်သူကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါ ငွေကုန်ကြေးကျခံရကြပါတယ်။ သင့်အနေနဲ့ တစ်ကိုယ်တည်း Single ပဲဆိုရင်တော့ အပိုဝင်ငွေကုန်မှာမဟုတ်တော့ဘဲ ပိုက်ဆံများများ စုနိုင်ပါတယ်။

သင့် မိသားစုအတွက် အချိန်ပိုပေးနိုင်ခြင်း

family dinner- happy lifestyle

ရည်းစား မရှိခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ မိမိ မိသားစုအတွက် အချိန်ပိုပေးနိုင်ခြင်းပဲဖြစ်ပါတယ်။

သူငယ်ချင်းများနဲ့ လွတ်လွတ်လပ်လပ် သွားလာပျော်ပါးနိုင်ခြင်း

rooftop party for men

သင့် ကောင်မလေးက သင့်အပေါ် လွတ်လပ်မှုအပြည့်ပေးထားတာမျိုးလည်း ရှိနိုင်သလို သင့်အပေါ် သဝန်တိုပြီး ချုပ်ချယ်တာမျိုးလည်း ရှိနိုင်ပါတယ်။ Single ဖြစ်ရခြင်းကြောင့် သင့် ကောင်မလေးရဲ့အချုပ်အချယ် ခံစရာလည်း မလိုသလို သူငယ်ချင်းများနဲ့ လွတ်လွတ်လပ်လပ် သွားလာပျော်ပါးနိုင်ပါတယ်။

သင်သိထားတဲ့ Single ဖြစ်ရခြင်း အကျိုးကျေးဇူးများကိုလည်း ဝေမျှခဲ့ပါဦး။

Photo Source: Freepik.com

Source: Lifehack.org