အခုလိုတုပ်ကွေးရာသီမှာ ကိုယ်ခံအားကိုလည်းကောင်းမွန်စေတဲ့၊ အသည်းနဲ့ ကလီစာတွေကိုလည်း သန့်စင်စေတဲ့၊ အရသာလည်းရှိတဲ့ ပန်းသီးရှာလကာ သံပရာရည် သောက်လိုက်ရမယ်ဆိုရင် ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေပါတယ်။

ပန်းသီးရှာလကာရည်နဲ့ သံပရာရည်ကို ပေါင်းစပ်ထားခြင်းက ကိုယ်တွင်းကလီစာတွေကို သန့်စင်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေတဲ့ ဖျော်ရည်လေးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီး ရှာလကာရည်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိပြီး အသည်းနဲ့ သွေးဖြူဥဆဲလ်တွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။

Source: Sound Health and Lasting Wealth

သံပရာရည်မှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးအပျော့စားတို့ကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီး သံပရာရည်ထဲက စစ်ထရစ် (citric acid) က အသည်းရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေလို့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

Source: Everyday Health

နောက်တစ်ခုကတော့ ဒီဖျော်ရည်လေးဟာ သွေးကိုသန့်ရှင်းစေတဲ့အတွက် အရေပြားပေါ်က ဝက်ခြံတွေ၊ အရေပြား ကူးစက်ရောဂါတွေကိုလည်း ရှင်းလင်းစေပါတယ်။ နောက်ပြီး ပရိုတိန်းအသုံးပြုခြင်းနဲ့ ဇီဝကမ္မ လုပ်ဆောင်မှုတွေကို မြင့်တက်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေတဲ့ ဗီတာမင် စီကို ဒီဖျော်ရည်တစ်ခွက်သောက်ရုံနဲ့ ရရှိနိုင်ပါတယ်။

ပြုလုပ်နည်း

Source: Healthline

ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သံပရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ရေတစ်ဖန်ခွက်တို့ ဖြစ်ပါတယ်။

အရင်ဆုံး ပန်းသီးရှာလကာရည်ရယ်၊ သံပရာရည် လတ်လတ်ဆတ်ဆတ်ရယ်၊ အော်ဂဲနစ်ပျားရည်ရယ်ကို ရေတစ်ခွက်ထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ကောင်းကောင်းသမသွားအောင် ရောမွှေလိုက်ပါ။ မနက်တိုင်း ဒီဖျော်ရည်လေးကို မနက်စာမစားခင် အစာအိမ်ဟောင်းလောင်းဖြစ်နေချိန်မှာ သောက်ပေးပါ။

ပန်းသီးရှာလကာရည်၊ သံပရာသီးနဲ့ ပျားရည်တို့ရဲ့ ကောင်းကွက် အားလုံးကို ပေါင်းစပ်ထားတဲ့အတွက် တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းချင်သူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။