ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးသောက်စရာအဖျော်ယမကာတစ်ခုဖြစ်တဲ့ ဘီယာကသင့်အတွက်အကျိုးကျေးဇူး များစွာပေးနိုင်ပါတယ်။ Time of India မှ ဆောင်းပါးတပုဒ်မှာတော့ ဘီယာက ကိုလက်စထရောကို ကောင်းမွန်စေပြီး ဗီတာမင်နှင့် အန်တီအောက်ဆီဒင့်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးချိန် ဘီယာတခွက် သောက်တာက သင့်ကိုပြန်လည်လန်းဆန်းသွားစေတယ်လို့ ဆိုပါတယ်။ ကဲ ဒါဆို ဘီယာချစ်သူတွေအတွက် နောက်ထပ်ဘီယာရဲ့ကောင်းတဲ့အချက်တွေ ပြောပြပေးပါဦးမယ်။

(၁) ရေဓါတ်ဖြည့် အချိုရည်နဲ့ ဆင်တူတယ်

Source : Freepik

တကယ်တော့ Alcohol မပါဝင်တဲ့ဘီယာက ရေဓါတ်ဖြည့်အချိုရည်တွေနဲ့ ဂုဏ်သတ္တိဆင်တူတယ်လို့ ဆိုပါတယ်။ အားကစားလုပ်ပြီးတဲ့အခါ ကုန်ခမ်းသွားတဲ့ရေဓါတ်အတွက် ဘီယာကိုရေဓါတ်ဖြည့်အချိုရည်အနေနဲ့ သောက်လို့ရပါတယ်။ ဒါပေမယ့်ခုနပြောခဲ့သလို Alcohol မပါဝင်တဲ့ဘီယာဖြစ်ဖို့လိုသလို သကြားပါဝင်မှုနည်းတဲ့အမျိုးအစားကို ရွေးဖို့လိုပါတယ်။

(၂) Antioxidant ကိုထောက်ပံ့ပေးတယ်

Source : The Sun

အိန္ဒိယတိုင်းမ် သတင်းစာမှာပါတဲ့ ဖော်ပြချက်အရ အမဲရောင်ဘီယာမှာ ခန္ဓာကိုယ်အကျိုးပြု antioxidant ဓါတ်ပါဝင်မှုများပြီး ဝိုင်နီလိုပဲ အကျိုးသက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။ ဒီ antioxidant တွေကို ဘီယာချက်လုပ်တဲ့ မုယောစပါးကနေရရှိပြီး အမဲရောင်ဘီယာမှာ antioxidant အပြင် ကိုယ်အလေးချိန်ကျစေတဲ့ပိုလီဖီနောကဲ့သို့ဓါတ်တွေလည်း ပါဝင်ပါတယ်။

(၃) အရိုးများကိုသန်စွမ်းစေပြီး ကြွက်သားနာကျင်မှုကို သက်သာစေတယ်

Source : MDLinx

ဘီယာနဲ့ပတ်သတ်တဲ့တွေ့ရှိချက်တစ်ခုအရ ဘီယာဟာ အရိုးတွေကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့ အရိုးသိပ်သည်းမှုအတွက် ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ မုယောစပါးနဲ့ဘီယာအခါးအရသာပိုရအောင်ထည့်တဲ့ တဆေးသီးပါဝင်များတဲ့ဘီယာတွေဟာ အရိုးအတွက်ကောင်းစေတဲ့ဓါတ်တွေ ပိုပါဝင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်မှုနဲ့ ကိုက်ခဲမှုတွေကိုလျော့နည်းစေတယ်လို့ဆိုပါတယ်။

(၄) ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်ကဲ့သို့ လုပ်ဆောင်ပေးနိုင်တယ်

Source : Wine Enthusiast Magazine

Healthline.com မှာပါတဲ့ဆောင်းပါးတစ်ခုအရ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဂလိုကိုဂျင်ဓါတ်ကို အစေ့အဆံတွေစားခြင်းကရနိုင်တာဖြစ်လို့ မုယောစပါးနဲ့တဆေးပါဝင်တဲ့ဘီယာက ရွေးချယ်စရာတစ်ခုဖြစ်နိုင်ပါတယ်။ သို့ပေမယ် ဘီယာသောက်တာက သင့်လေ့ကျင့်ခန်းလုပ်ပြီးချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်နေစဥ်အချိန်တွေမှာ အထောက်အကူပြုနိုင်ပေမယ့် ရေနဲ့ သတ္တုဓါတ်ဖြည့်အရည်တွေလိုတော့ ထိရောက်ရှိမှာမဟုတ်ပါဘူး။